ARC.1.PART-4

5.6K 638 5
                                    

လင်ရှောင်းချန်သည် သူ့အားလုံးဝ လျစ်လျူရှုထားကြောင်း သိလိုက်သဖြင့် ဆက်မမေးတော့ပေ။ သူသည် သူမလေးပြောသည့်အတိုင်း ဒုတိယထပ်သို့တက်သွားလိုက်သည်။ ပုံမှန်ဆို အခြားမိသားစုကိစ္စအားစိတ်မဝင်စားသော်လည်း ယခုကိစ္စက သူမလေးနှင့်ပတ်သက်နေသည်မလား။သူကထိုကိစ္စသိချင်သေးသည် သူ့၏လူအား ချောက်ချရဲသည်ဆိုပါက သူက ထိုသူအား အသက်ရှင်ရတာ ငြီးငွေ့အောင်ပြုလုပ်ပေးလိုက်မည်။

လင်ရှောင်းချန်သည် သူ၏ မသိစိတ်မှ ကျောင်းယွီလင်းအား သူ့လူအဖြစ်သတ်မှတ်ပြီးချိန်၌  ကျောင်းချန်ယွီ၏ တံခါးရှေ့သို့ရောက်နေပြီဖြစ်သည်။အထဲတွင် ဆူပူနေပုံပေါ်သော်လည်း စိတ်ပူမှုများ ရောထွေးနေသည့်အသံများအား ကြားနေရသည်။

လင်ရှောင်းချန်က တံခါးခေါက်လိုက်ပြီးနူတ်ဆက်လိုက်သည်။
" ဦးလေးကျောင်း ကျွန်တော်ပါ "

ထိုစဥ် အခန်းထဲတွင် ကျောင်းတုဇီ( ကျောင်းသခင်ကြီး )  သည် ကျောင်းယွီလင်းလာသွားခဲ့သည်အား ကြားသိပြီးချိန်ဖြစ်ပြီး သူ့သားအား အလွန်စိတ်ပူပြီး ကျောင်းယွီလင်းအား အလွန်စိတ်ပျက်နေပုံရနေသည်။

အဲ့အချိန်တွင် တံခါးခေါက်သံအားကြားလိုက်ရသဖြင့် အော်ငေါက်မည်ပြုလိုက်စဥ် ရောက်လာသူမှာ လင်ရှောင်းချန် ဖြစ်မှန်းသိလိုက်ရသဖြင့် စိတ်ကိုလျှော့ကာ တံခါးဖွင့်ပေးလိုက်သည်။

" ရှောင်ချန် လာပြီလား ဝင်ခဲ့ မင်းမိဘတွေကားပျက်တယ်လို့ ဖုန်းဆက်ထားတယ် "

" အင်း "

လင်ရှောင်းချန်သည် အခန်းတွင်းသို့ဝင်ဝင်ချင်း လှည့်ပတ်ကြည့်လိုက်သည်။ အခန်းသည် အလွန်ကျယ်ဝန်းပြီး နံရံများကအဖြူရောင်များသုတ်လိမ်းထားပြီး အပြင်အဆင်များမှာ ရိုးရှင်းသော်လည်း တန်ဖိုးကြီးကြောင်းသိသာသည်။

အခန်းထဲရှိ ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကောင်လေးတစ်ယောက်ရှိနေသည်။သူသည် အလွန်အားနည်းနေပုံရပြီး လေတိုက်လျင်တောင် ကျိုးပဲ့သွားမည့်ပုံပေါက်နေသည်။ကောင်လေးတွင် ငွေရောင်ဆံနွယ်များရှိနေပြီး ရုပ်သွင်ပြင်က ကျောင်းယွီလင်းထက်ပင် မိန်းကလေးဆန်နေသေးသည်ဆံနွယ်ကောင်လေး၏ မျက်နှာသည်။

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now