ARC.1.PART-2

6.2K 638 3
                                    

ကျောင်းယွီလင်းဘဝ

နောက်နေ့မနက်စောစော နေရောင်တို့အခန်းတွင်းသို့ဝင်ရောက်လာပြီး ကုတင်ပေါ်မှ မိန်းကလေး ၏ မျက်နှာပေါ်သို့ နူးညံစွာဖြာကြလာသည်။ထိုကဲ့သို့သဟဇာတဖြစ်ဖွယ်မြင်ကွင်း အသက်ရှုမှားလောက်စရာ ဆွဲဆောင်မှုလေးဖြစ်လို့နေသည်။

သိုသော် ထိုအချိန် ကုတင်ပေါ်မှ ကောင်မလေးသည် ဆတ်ခနဲ့ထထိုင်ပြီး နူတ်ခမ်းမှလည်း တတွတ်တွတ်ရွတ်ကာရေချိုးခန်းသို့ ဝင်သွားတော့သည်။သူမသည် system ပေးသည့် ဇာတ်ကြောင်းအားဖတ်ပြီးနောက် ပြန်အိပ်သွားသည့် ကျန်းချင်းပေ ပင်ဖြစ်သည်။

ချင်းပေသည် သူမအားအတင်းနိုးနေသော system ကြောင့်မထချင်ထချင်ထလာရသည်။နူတ်မှ ကျိန်ဆဲရင်း မျက်လုံးမှိတ်ပြီးထလာရာ ရေချိုးခန်းထဲမရောက်ခင် သူမတိုက်မိခဲ့သောပစ္စည်းများမှာ အခန်းတွင်းပွစိထနေပြီဖြစ်သည်။

သူမရေချိုးခန်းထဲအရောက် မှန်ထဲမှ သူမပုံရိပ်အားကြည့်လိုက်သည်။ သူမသည် ကြည်လင်နေသောမျက်ဝန်းကလေးများကို နူးညံဟန်ရသည့် မျက်တောင်ရှည်လေးများဖြင့်ဖုံးအုပ်ထားသည်။

နူတ်ခမ်း တင်းတင်းစေ့ထားသည့်ပုံစံက သူမကို အရှိန်အဝါတစ်မျိုးထွက်စေပြီး မေးရိုးချွန်းချွန်းလေးတွင် ရင်ကျက်မှုအနည်းငယ်တွေ့နေရသည်။ပြုံးလိုက်ရင် မို့တက်လာသော ပါးပြင်ဖောင်းဖောင်းလေးက ချစ်စဖွယ်အတိဖြစ်နေသည်။

" အင်း မဆိုးဘူး ဇာတ်လိုက်မလို့မပြောရဘူးလှသားဘဲ ဒါနဲ့ ငါ့ရဲ့မူလပုံစံနဲ့ ခပ်ဆင်ဆင်ပဲ ပြီးတော့ ငါ့လိုဘဲ ကွန်ပျူတာ စိတ်ဝင်စားတယ် "

system - host အတွက် ပထမဆုံးအလုပ်ဖြစ်တဲ့အတွက် တူညီအောင်လုပ်ပေးထားပါတယ်
missionတေက လည်း လွယ်ကူနေဦးမှာပါ။

ထိုနောက် system သည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် စက်ရုပ်အသံနှင့်တူသောအသံထွက်ပေါ်လာသည်။

/ Mission များဖော်ပြပါမယ် /

MAIN MISSION - ဇာတ်လိုက်အရှိန်အဝါ ပြန်လည်ရယူရန်

( SIDE MISSION - ကျောင်းယွီလင်း၏ ဂုဏ်သိက္ခာအားကာကွယ်ရန်
Points- 100 )

system မှ ဖော်ပြချက်အားဖတ်ပြီးနောက် နောက်တစ်နာရီတွင်ဖြစ်ပျက်မည့်အဖြစ်အပျက်အားစဥ်းစားမိလိုက်သည်။
အရင် ကျောင်းယွီလင်းသည် မနေ့က ညနက်မှအိပ်ရသဖြင့် မနက်အိပ်ရာထနောက်ကျသဖြင့် အဖြစ်အပျက် ဖြစ်ပျက်ပြီးမှ သိခြင်းဖြစ်ပြီး ဘာမှမပြောနိုင်ဘဲ အိမ်မှ နှင်ထုတ်ခံလိုက်ရခြင်းဖြစ်သည်။ ယခု ယွီလင်းသည် system ၏ ကောင်းမှုကြောင့် စောနိုးလာခြင်းဖြစ်သည်။

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now