" ဟူးးး ဒီစိတ်မသက်မသာ စရာ အခြေအနေကနေ လွှတ်မြောက်လာခဲ့ပြီ " ချင်းပေသည် အခုမှသာသက်ပြင်းချနိုင်တော့သည်။ သူမက ဘေးဘီတစ်ချက်ကြည့်ကာ ဆရာမရွယ်နောက်သို့ လိုက်သွားလိုက်သည်။
သူမ ရုံးခန်းသို့ ရောက်သည့် အချိန်တွင် အခန်းဝတွင် စိတ်မရှည်သည့်မျက်နှာဖြင့် စောင့်နေသည့် မုဟွေ အားတွေ့လိုက်ရသည်။ မုဟွေ က ချင်းပေအားတွေ့သည်နှင့် စိတ်သက်သာရာ ရသည့် ပုံစံပြောင်းသွားကာ " ရှောင်ယွီ နင်အဆင်ပြေရဲ့လား။ ငါက နင် အဲ့ဒီ လူစိမ်းနောက်လိုက်သွားပြီးကတည်းက ငါက အရမ်းစိတ်ပူနေတာ။ အဲ့လူက ဘယ်သူလဲ ငါ့ကိုပြော ငါကူညီပေးမယ်။ "
ချင်းပေက စိတ်ထဲတွင် နှာခေါင်းရှုံ လိုက်သော်လည်း စိတ်ရှုတ်သွားသည့် ပုံစံဖြင့် " နင်က ဘယ်လိုကူညီနိုင်မှာ မို့လို့လဲ "
မုဟွေ သည် ချင်းပေ၏ စကားကြားပြီးနောက် တောင့်တင်းသွားစည်။ချင်းပေက မုဟွေကို ကြည့်လိုက်သည်။
သူမက ခေါင်းအသာယမ်းကာ ဆက်ပြောလိုက်သည်။ " ငါက အကူညီ မလိုဘူး။ နင်ကူညီစရာမလိုဘူး "" ငါ...ငါက " မုဟွေ က ပြောစရာစကားပင် မရှိတော့ချေ။ ကျောင်းယွီလင်း ပြောတာ အမှန်ပင် သူမက ကျောင်းယွီလင်း အား မည်သို့ကူညီနိုင်မည်နည်း။ ကျောင်းယွီလင်းကို ခေါ်သွားသည့် လူက သေချာပေါက်ကို အာဏာကြီးမားသူဖြစ်ပေလိမ့်မယ်။သို့ပေမဲ့ သူမကလည်း ကူညီဖို့ စိတ်ကူးမရှိပေ။ သူက ထိုလူဘယ်သူလဲသာ သိချင်ပြီး ကျောင်းယွီလင်းအား ထိုလူနဲ့ ရင်းနှီးအောင် အသုံးချလိုခြင်းဖြစ်သည်။
မုဟွေ သည် အပြုံးတု တစ်ခုအား အတင်းထုတ်လိုက်ကာ ချင်းပေ၏ လက်အား ကိုင်လိုက်သည်။ " နင်အဆင်ပြေတယ်ဆိုရင် ရပါပြီ။ ငါက နင် မကောင်းတဲ့လူတွေနဲ့ တွေ့မှာ စိတ်ပူလို့ပါ။ "
ချင်းပေသည် မုဟွေနဲ့ ဆက်ပြီး အချိန်မဖြုန်းလိုတော့ပေ။ သူမက လိုရင်း ကိုသာ ပြောလိုက်သည်။ " ဆရာမရွယ်ရော "
မုဟွေ သည် ကျောင်းယွီလင်းက သူမနဲ့ ဆက်မပြောချင်တော့သည်အား သတိထားမိ၍ စိတ်ထဲမှာ လှောင်ပြောင်လိုက်သော်လည်း အပြုံးလေးဖြင့် ပြောလိုက်သည်။ " အင်းးး မမက အထဲမှာရှိတယ် ဝင်သွားလိုက် "
YOU ARE READING
TAKING BACK MAIN LEAD'S INFLUENCE
RomanceSystem - host ရယ် ကျေးဇူးပြုပြီး mission လေးကို သေချာလေးလုပ်ပေးပါ ဟုတ်ပြီလား Host - . . . . System - host . . . host ဘာဖြစ်. .ဟမ် .အိပ်နေပြန်ပြီလား System - ( ဘယ်လိုလုပ် လူတစ်ယောက်က အဲ့လောက်တောင် အိပ်နိုင်ရတာလဲ . .ကြီးကြပ်ရေးမှုူးရေ ဒီ host ပြန်အမ...