ရီချင်းဟုန် သည်လည်း အချိန်အတော်ကြာသည်အထိ မည်သို့တုန့်ပြန်ရမည်အား စဉ်းစားနေသဖြင့် သူတို့နှစ်ယောက်သည် အချိန်အတော်အကြာထိ စိုက်ကြည့်နေမိသည်။
" ချလပ်!! ချလပ် !! အင်းတော်တော်လှတဲ့ မြင်ကွင်းလေးဘဲ " ချင်းပေ၏ အသံကြားမှသာ သတိဝင်လာကာ နှစ်ယောက်သားကုန်းရုံးထလိုက်တော့သည်။
" မင်းးး မင်းးးး တမင်လုပ်တာမလား "
" အင်း "
ရန်ရှုသည် ချင်းပေ၏ အဖြေကြောင့် ဆက်ပြောမည့် စကားများ လည်ပင်းမှာသာ ထစ်သွားတော့သည်။ဒီတိုင်းဝန်ခံစရာ မလိုဘူးလေ။မင်း နဲနဲလောက် ဟန်ဆောင်ပြီး ငြင်းလိုက်လို့မရဘူးလား။
ရီချင်းဟုန်သည်တော့ ဘာမှမပြောခဲ့ပေ ။ ရန်ရှုအား အလေးအနက်စိုက်ကြည့်လိုက်ပြီး ကျောင်းချန်ယွီအား တစ်ချက်ကြည့်ကာ ထွက်သွားဟန်ပြင်လိုက်သည်။သို့သော်လည်း ချင်းပေ၏ စကားသံကြောင့် ခြေလှမ်းများရပ်တန့်သွားသည်။
" ရန်သခင်လေး ချန်ယွီ လက်က လက်ပတ်ကြိုးက သခင်လေးရဲ့ဟာမလား။ မနေ့ကတောင် သခင်လေးဆီမှာမလား " ချင်းပေသည် ကျောင်းချန်ယွီ၏ လက်အားကြည့်ကာ ပြောလိုက်သည်။ သူမပုံစံက အလွန်စိတ်ဝင်စားသွားသည့်အတိုင်းပင်။
ရန်ရှု:"......" ငါတို့ပြောနေတာအဲ့အကြောင်းမဟုတ်ဘူး။နဲနဲလောက်အာရုံစိုက်ပေး ဟုတ်ပြီလား။
ရန်ရှုသည် ခတ္တမျှနားမလည် ဖြစ်သွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာကာ ဒေါသတကြီးပြောလိုက်သည် ။
ကျောင်းချန်ယွီ၏ ထိန့်လန့်သွားသည့် ပုံစံအား မမြင်လိုက်ပေ။" မင်းကဘာသိလို့လဲ ။ ဒီလက်ပတ်ကြိုးက ချန်ယွီ ကိုယ်တိုင် ငါ့ကိုပေးထားတာလေ ။ သူ့ကိုပြန်ပေးတာဘာဖြစ်လို့လဲ။"
" သူမင်းကိုပေးထားတာလို့ သူကပြောတာလား။ " ရီချင်းဟုန်က ကျောင်းချန်ယွီအား အေးစက်စက်ကြည့်ကာ ဝင်ပြောလိုက်သည်။
" ခများနဲ့ ဘာဆိုင်လို့လဲ " ရန်ရှုက ကျောင်းချန်ယွီရှေ့သို့ သွားကာ ပြန်ပြောလိုက်သည်။
ထိုလက်ပတ်ကြိုးအကြောင်းအား သူမလည်း သိပ်မသိပေ။ သူမသိတာက အရင်ဘဝက ကျောင်းချန်ယွီ အပေါ် ရီချင်းဟုန်၏ ဂရုစိုက်မှုရော ရန်ရှုရဲ့ အချစ်စစ်ဆိုတာကြီးရောက အဲ့ဒီလက်ပတ်ကြောင်းဆိုတာဘဲ သိသည်။အဲ့တာကို ကျောင်းချန်ယွီက ဘယ်လိုသိသွားလည်း မသိပေမဲ့ အသုံးချသွားနိုင်ခဲ့တာပင်။ သူက ပြန်မွေးဖွားလာသူဆိုတော့ သိထားတာများမှာပေါ့။
YOU ARE READING
TAKING BACK MAIN LEAD'S INFLUENCE
RomanceSystem - host ရယ် ကျေးဇူးပြုပြီး mission လေးကို သေချာလေးလုပ်ပေးပါ ဟုတ်ပြီလား Host - . . . . System - host . . . host ဘာဖြစ်. .ဟမ် .အိပ်နေပြန်ပြီလား System - ( ဘယ်လိုလုပ် လူတစ်ယောက်က အဲ့လောက်တောင် အိပ်နိုင်ရတာလဲ . .ကြီးကြပ်ရေးမှုူးရေ ဒီ host ပြန်အမ...