ချင်းပေသည် အသံလာရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ယောက်အားတွေ့ လိုက်သည်။ သူမက ရုံးဝတ်စုံအဖြူနဲ့ အနက် ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်တို့ကို စည်းနှောင်ထားသဖြင့် ရင့်ကျက်မှုတို့ထင်းနေပြီး ဆွဲဆောင်မှုအပြည့်ဖြစ်နေသည်။
' ဘယ်သူလဲဟ ငါနဲ့ သိလို့လား ' ချင်းပေ ပထမဆုံးဝင်လာသည့် အတွေးဖြစ်သည်။
" မန်နေဂျာကျင်း သူမက အတွင်းရေးမှူးချန်ကို လာရှာတာပါ ။ အတွင်းရေးမှူး မရှိရင် တာဝန်ခံ နဲ့ တွေ့ချင်တယ်လို့ ပြောနေပါတယ် " ဖူချင်း သည် အထိတ်ထိတ်အပြာပြာဖြင့် ချင်းပေအား လက်ညိုးထိုးကာ ပြောလိုက်သည်။ မန်နေဂျာကျင်းက ရှန်း company က နေ လာခဲ့တာဖြစ်ပြီး သူမတို့လိုလူတေ မထိနိုင်သည့်လူဖြစ်သည်။
ကျင်းဖေးရှင်း သည် ရှန်း company တွင် မန်နေဂျာချုပ်ဖြစ်သော်လည်း သူမက ရှန်းချွန်းမင် အား ဆွဲဆောင်ရန်ကြိုးစားစဉ် စတောင်မစရသေးဘဲ အတွင်းရေးမှူးချန် နှင့် မီသွားကာ ရာထူးချခံရခြင်း ဖြစ်သည်။ သူမက အတွင်းရေးမှူးချန်ယု အား တစ်ခါ ကူညီ ဖူးသဖြင့် ရာထူးချခံရရုံသာ ဖြစ်ခဲ့သော်လည်း သူမက မကျေနပ်နိုင်ခဲ့ပေ။ သူမကိုသာ အခွင့်အရေး ပေးလျှင် သူမက ရှန်းအုပ်စုရဲ့ သခင်ကြီးအား အောင်မြင်စွာ ဆွဲဆောင်နိုင်မည် ဟု ယုံကြည်ချက်ရှိသည်။
မနေ့က ရှန်းသခင်ကြီး လာမည့်အကြောင်းကြား၍ ပြင်ဆင်မှုများလုပ်ထားသော်လည်း ရုံးကိုပင် မရောက်လာခဲ့ပေ။ ယနေ့ မနက်တွင်လည်း အတွင်းရေးမှူးချန်ယု သာ ရောက်လာခဲ့ပြီး ရှန်းသခင်ကြီးဆိုသူအား အမြီးပင် မမြင်ရသဖြင့် သူမ၏ မနေမနပ်မှုတို့မှာ ပိုတိုးလာခဲ့သည်။
သူမက ယခု အတွင်းရေးမှူးချန် နှင့် စကားပြောပြီး သူမအား အရင်ရာထူးပြန်ထားနိုင်ရေး ကြိုးစားခဲ့သော်လည်း နှင်ထုတ်ခံရသဖြင့် စိတ်တိုနေချိန် သူမထက် လှပသော မိန်းကလေး တစ်ယောက်အား တွေ့လိုက်ရသည်။ အထူးသဖြင့် ထိုမိန်းကလေးက ချန်ယု အား ရှာနေကြောင်းသိလိုက်ရချိန်တွင် သူမစိတ်ထဲတွင် အလွန်မနာလိုဖြစ်သွားသည်။
YOU ARE READING
TAKING BACK MAIN LEAD'S INFLUENCE
RomanceSystem - host ရယ် ကျေးဇူးပြုပြီး mission လေးကို သေချာလေးလုပ်ပေးပါ ဟုတ်ပြီလား Host - . . . . System - host . . . host ဘာဖြစ်. .ဟမ် .အိပ်နေပြန်ပြီလား System - ( ဘယ်လိုလုပ် လူတစ်ယောက်က အဲ့လောက်တောင် အိပ်နိုင်ရတာလဲ . .ကြီးကြပ်ရေးမှုူးရေ ဒီ host ပြန်အမ...