ARC.1.PART:8

5.4K 579 11
                                    

Unicode

" ကောင်းတယ် အရမ်းကောင်းတယ် မင်းက ယွီအာကို ထိခိုက်စေရုံသာမက လင်သခင်လေးကိုတောင် ဆွဲဆောင်ထားနိုင်တာဘဲ သူက မင်းမောင်လေးရဲ့...." ကျောင်းသခင်မကြီးသည် လင်ရှောင်းချန်က ကျောင်းယွီလင်းအနားရောက်သည့်နှင့်တပြိုင်နက် အံ့အားသင့်ရာမှ နိုးထလာပြီး စိတ်တိုစွာပြောလိုက်သည်။

" တော်‌လောက်ပြီ!!!! ‌" ချင်းမေသည် သည်းမခံနိုင်တော့သဖြင့် အော်ပစ်လိုက်ရုံသာရှိတော့သည်။ ‌‌သူမက ကျောင်းယွီလင်းအစစ်မဟုတ်သော်လည်း  ဒီကိုယ်ထဲတွင်က သူမ( ကျောင်းယွီလင်း )၏ ခံစားချက်များရှိနေသေးသည်။ ဒီကျောင်းမိသားစုက သူမကို တစ်ခွန်းမှ မမေးမြန်းဘဲ အမြဲစွပ်စွဲနေတာဘဲ။ငါ ဒီကိုယ်ထဲရောက်တာ တစ်ရက်မပြည့်သေးဘူး အနည်းဆုံး ၃ ခါလောက်စွပ်စွဲပြီးနေပြီ။

" မား လင်းအာလည်း ဒီမိသားစုရဲ့ သမီးအရင်းမဟုတ်ဘူးလား ဘာလို့အမြဲတမ်းဘဲ ချန်ယွီဘက်မှာရှိနေရတာလဲ။ တကယ်လို့ မားတို့က လင်းအာ ဘက်မှာ မနေချင်ရင်တောင် တရားမျှတမှုတော့ ရှိသင့်တယ်မလား ။ဘာလို့ ...ဘာလို့ နဲနဲလေးတောင် ယုံကြည်မှုမရှိရတာလဲ " ‌ကျောင်းယွီလင်းသည် သူမကိုယ်သူမ လက်ညိုးထိုးကာ နာကျင်နေသည့်မျက်ဝန်းများဖြင့်ပြန်ပြောသည်။

" ဒီမိသားစုရဲ့ မေတ္တာကိုမရရင်တောင် လင်းအာ လိုချင်တာ ယုံကြည်မှုနဲနဲလေးရယ်ပါ အဲ့ဒါကရဖို့ ဒီလောက်တောင်ခက်တာလား " ကျောင်းယွီလင်းသည် နောက်ဆုံးစကားတခွန်းအားပြောရင်းမျက်ရည်များကျလာသည်။

ချန်းယဲ့ဟွာသည် ကျောင်းလင်းယွီ၏ စကားကြားပြီးနောက် တိတ်ဆိတ်သွားသည်။

" ကိစ္စတစ်ခုကို ယုံကြည်ချင်ရင် သက်သေဆိုတာ လိုအပ်တာဘဲလေ တကယ်လို့ လင်းအာ မှာ သက်သေမရှိရင် ပါးတို့လည်း ဘာမှမတတ်နိုင်ဘူးလေ " ကျောင်းသခင်ကြီးသည်  ကျောင်းယွီလင်းအားကြည့်၍ တည်ငြိမ်စွာပြောလိုက်သည်။

ကျောင်းသခင်ကြီး၏ စကားဆုံးသည်နှင့် ယွီလင်းသည် နောက်ဆုံးမျှော်လင့်ချက်ပျက်စီးသွားသည့်အလား ဖြူ‌ဖျော့သွားသည်။

ထိုသည်ကိုမြင်သည်နှင့် ကျောင်းချန်ယွီက ဝင်ပြောလိုက်သည်။

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now