ARC.1.PART:28

4.6K 551 15
                                    

နေ့လည် ၁၂ နာရီ ကျောင်းဆင်းခါနီးလောက်တွင် ကျောင်းသို့ရောက်လာသည်။ ရှန်းချွန်းမင်က ချင်းပေ ကားပေါ်မှ ဆင်းနိုင်ရန် ကူညီပေးရင်း ပြောလိုက်သည်။
" ကိုယ်က ကျောင်းအုပ်ကြီးရုံးခန်းကို ခနလောက်သွားလိုက်ဦးမယ်။ ကျန်းအာ အရင် ပြီးရင် ကိုယ့်ကို တစ်နေရာရာမှာ‌စောင့်‌နေနော် ။ ကိုယ်ပြီးရင် ဖုန်းဆက်လိုက်မယ်။ "

ချင်းပေသည် ရှန်းချွန်းမင်က သူမတို့ကျောင်းရဲ့ ကျောင်းအုပ်နဲ့ ဘယ်လိုသိတာလဲ ၊ ဘာလုပ်‌မှာလဲ မေးချင်သော်လည်း သူမက ထိုလူကို စိတ်ဆိုးနေရသဖြင့် မေးခွန်းများက လည်ပင်းမှာသာ တစ်နေတော့သည်။ ဒီကျောင်းကို မရောက်ခင် ရုံးခန်းမှာရော ကားပေါ်မှာ နမ်းနေတာ ကျောင်းရောက်ခါနီးမှသာ ရပ်သွားတော့သည်။ သူမတို့ ၁၅ မိနစ်သာ မောင်းရသောခရီးအား တစ်နာရီ ...တစ်နာရီကြီးများတောင် အချိန်ယူခဲ့ရသည်။

ယခု သူမ နူတ်ခမ်းများက ဖူးယောင်နေပြီး ထုံပင်ထုံနေလေပြီ။ " ဟမ့်။  ဘယ်သူက ရှင့်ကိုဂရုစိုက်နေလို့လဲ ။"

ရှန်းချွန်းမင်က သူမလေး စိတ်ဆိုးနေကြောင်းသိနေသဖြင့် အပြစ်လုပ်ထားသည့် မျက်နှာဖြင့် " ကောင်းပြီ... ကောင်းပြီ ကိုယ်မှားတာ ဟုတ်ပြီလား ။အဲ့လြိုကီး မနမ်းသင့်ဘူး။ ‌"

' ဒါကမှတော်သေးတယ်။ အသိတရားလေးရှိနေသေးတော့လဲ  ဒီအစ်မကြီးက ခွင့်လွှတ်ပေးရမှာပေါ့ ' သူမဘာသာ တွေးရင်း ကျေနပ်နေစဉ် ရှန်းချွန်းမင်က ဆက်ပြောလာသည်။

" နောက်တစ်ခါ ဆက်တိုက်မနမ်းဘူး။ နားနားပြီး နမ်းမယ်နော်။ အင်း... ဟုတ်တယ် နားနားပြီး နမ်းရမယ် ။ ကျန်းအာက ငယ်သေးတော့ အသက်ရှုကြပ်တာတေဘာတေ မဖြစ်သင့်ဘူး "

သူဘာသာပြောရင်း ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံနေသော လူအား ကြည့်ပြီး ချင်းပေမှာ ထပ်ပြီး ပြောစရာ စကားမဲ့သွားရပြန်သည်။ ' ငါ့ ဒီလို ပုံမှန် မဟုတ်တဲ့ ကမ္ဘာကြီးမှာ နေနေရတာ ယုံတောင်မယုံ‌နိုင်ဘူး။ ဒီကလူတေ အကုန် ရူးနေတာ;!!!'

ချင်းပေသည် မကြားချင်ယောင်သာ ဆောင်လိုက်ပြီး ကျောင်းထဲသို့ ဝင်သွားလိုက်တော့သည်။ ' ဒီလို အရူး‌တေနဲ့ နေရတာ ငါ့ IQ ကို သက်ရောက်စေတယ် '

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now