လူတိုင်း video ကြည့်ပြီးချိန်တွင် ချင်းပေသည် အထုပ်ဆွဲ၍ လှေကားပေါ်မှ ဆင်းလာသည်အား တွေ့လိုက်ကြသည်။သူမအား တွေ့လိုက်သည်နှင့် လူတိုင်း၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများပေါ်လာခဲ့သည်။
" ဘယ်သွားမလို့လဲ။ " လင်ရှောင်းချန်သည် အခုထိလှေကားရင်းတွင်ရှိနေသေးပြီး ချင်းပေ၏ နောက်မှ အထုပ်များကိုကြည့်ကာ မေးလိုက်သည်။
" လင်သခင်လေးရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ကျွန်မနဲ့ မသက်ဆိုင်တဲ့နေရာမှာ မနေသင့်တော့ဘူးလို့ တွေးမိလို့ပါ။ " ချင်းပေသည် လင်ရှောင်းချန်အား ဦးညွှတ်၍ ပြန်ဖြေပြီးနောက် လူတိုင်းအားပတ်ကြည့်ကာပြုံးပြလိုက်သည်။ထိုအပြုံးက သူမထွက်သွားရတာ သူတို့ကြောင့်မဟုတ်ပါဘူးဟုပြောနေသလိုပင်။သို့သော် လူတိုင်း သူမမျက်နှာပေါ်ရှိ အပြုံးဖျော့ဖျော့လေးအားကြည့်မိတိုင်း ပို၍ ပင် ရှက်ရွံ့လာပြီး နောင်တရသလိုခံစားကြလာကြသည်။ထြိုပင် အပြုံးလေးတစ်ပွင့်ကို အားတင်းကာ ပြုံးပြထားရကြောင်းလူတိုင်းမြင်နိုင်သဖြင့် ' ထို မာနကြီးလှသော သခင်မလေးသည် သူမထွက်သွားရမည့်တိုင် စိတ်ဓာတ်ကြံခိုင်နေခဲ့သေးသည် ' ဟု ထင်လိုက်ကာ အထင်ကြီးလေးစားစိတ်များ ဖြစ်ပေါ်လာတော့သည်။
" လင်း...လင်းအာ ထွက်သွားစရာမလိုပါဘူး။ မား...မားတို့က...." ချန်းယဲ့ဟွာသည် သူမ သမီး ထွက်သွားတော့မည်အား တွေ့၍ ဝင်တားလိုသော်လည်း ဘာပြောရမှန်းမသိဖြစ်နေပေသည်။
" မားရော ပါးရော ဘာမှပြောနေစရာမလိုတော့ပါဘူး။ ဒီမှာဆက်နေရင်လည်း လင်းအာ ကပျော်ရွင်နိုင်တော့မှာမဟုတ်ပါဘူး "ကျောင်းယွီလင်းသည် သူတို့အား အပြစ်မတင်ပါဘူးဟုတ်အဓိပ္ပာယ်ရသည့်အပြုံးတစ်ခု တပ်ဆင်ပြီခေါင်းခါလိုက်ကာပြောလိုက်သည်။
ထိုအချိန်တွင် ကျောင်းသခင်ကြီး၏ ခက်ထန်သောအသံထွက်ပေါ်လာခဲ့သည်။သူက ကျောင်းယွီလင်းအား ကြည့်ကာ ပြောလိုက်သည်။ " မင်း ဒီအိမ်ကနေ ဒီနေ့ထွက်သွားရင် ဘယ်တော့မှ ပြန်မလာနဲ့တော့။ အဲ့လိုမဖြစ်ချင်ရင် အခုချက်ချင်း အပေါ်ပြန်တက်စမ်း။ "
ကျောင်းတုဇီ သည်လည်း ကျောင်းယွီလင်းအား ထွက်မသွားစေလိုပေ။ဤကိစစသည် အစကတည်းက သူတို့အမှားဖြစ်သော်လည်း သူက သူမ ကို မတောင်းပန်နိုင်ပေ။သူမက သူတို့မွေးထားသည့် သားသမီး မဟုတ်ပေလော။အဘယ်ကြောင့် ရှင်းပြနေရမည်နည်း။
YOU ARE READING
TAKING BACK MAIN LEAD'S INFLUENCE
RomanceSystem - host ရယ် ကျေးဇူးပြုပြီး mission လေးကို သေချာလေးလုပ်ပေးပါ ဟုတ်ပြီလား Host - . . . . System - host . . . host ဘာဖြစ်. .ဟမ် .အိပ်နေပြန်ပြီလား System - ( ဘယ်လိုလုပ် လူတစ်ယောက်က အဲ့လောက်တောင် အိပ်နိုင်ရတာလဲ . .ကြီးကြပ်ရေးမှုူးရေ ဒီ host ပြန်အမ...