ARC.1.PART:26

4.8K 547 16
                                    

ချင်းပေသည် တောင့်ကျသောနေရာတွင် ထိုင်ချလိုက်ပြီး ရှန်းချွန်းမင် က သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်ကာ စားစရာများမှာရန်ပြင်လိုက်သည်။

" ဘာစားချင်လဲ ။ " ရှန်းချွန်းမင်က သူ့ရဲ့မူပိုင် အေးစက်စက်အသံဖြင့်ပြောလာသည်။

ချင်းပေက ဒီလူ၏ အပြုအမှုအား ကျင့်သားရနေပြီ ဖြစ်သဖြင့် ထွေထွေထူးထူး ပြောမနေတော့ဘဲ စားချင်တာသာ မှာလိုက်တော့သည်။ ' တွေ့တဲ့ သုံးရက်ထဲနဲ့ ကျင့်သားရသွားတာ ငါအရမ်းတော်တယ်မလား '

တီ!!!!!

/ ကြားဖြတ် mission :  စားသောက်ဆိုင်မှ မထွက်ခင် ရှန်းချွန်းမင်အား သုံးခါပြုံး‌အောင် လုပ်ပါ /

ချင်းပေ : "....." ဘယ်လို mission ကြီးတုန်းဟ ။သောက်ကျိုးနည်း mission ကြီး ။ မဟုတ်သေးဘူး အရေးကြီးတာအဲ့ဒါမဟုတ်ဘူး။

"ရှောင်ကျို!!! ရှောင်ကျို !!! နင်လား "

< ဟုတ်ပါတယ် host ပြန်လာခဲ့ပါပြီ လွမ်းနေလား ^∆^ >

"ချီးကို လွမ်း !!!! ဒီမှာ နင့် host က အန္တရယ်ထဲ လက်ပစ်ကူးနေတာလေ။ နင်က ဘယ်အလေ လိုက်နေတာလဲ "

< အထက်က ပြန်လာခဲ့ဖို့ အမိန့်ရလို့ပါ။ host ကလဲ စိတ်ကြီးဘဲ >

" အထက်က ဘာပြောလိုက်လဲ ။ နင့်ကို ယောကျာ်းပေးစားမလို့တဲ့လား ။ ချီး!!! ငါ့ကို အကြောင်းပြချက်တေပေးမနေနဲ့။ ဒီကမ်ဘာက အမြန်ထွက်သွားလို့ရအောင် ကြံစမ်း ။ မဟုတ်ရင် ဒီအစ်မကြီးက မကြာခင် ရှန်းချွန်းမင် လက်ထဲရောက်တော့မှာ"

' အခုလဲ ရောက်နေတာဘဲကို ' သူ့ host ကို အဲ့လိုသွားပြောလို့တော့မရဘူးပေါ့လေ။ ပြီးတော့ သူက system ဆိုပေမဲ့ တီထွင်တဲ့လူက လိင် နေရာမှာ male လို့ထည့်ထားတာလေ။ ယောကျာ်းယူစရာလား။

< mission ပြီးမှလေ host ကလဲ။ ပြီးတော့ host ဘဲ ပြောထားတယ်လေ။ mission ပြီးရင် ဒီကမ်ဘာမှာ ကြာကြာလေးနေပြီး ကောင်းကောင်းအိပ် ကောင်းကောင်းစားမယ်ဆို။ အခုလဲ အဆင်ပြေနေတာဘဲကို>

' အဆင်ပြေတယ် ငါအဆင်ပြေနေတယ်လို့ နင့်ရဲ့ ဘယ်မျက်လုံးက မြင်လိုက်တာတုန်း ' ကောင်းပြီ ။ ငါ့ mission မပြီးသေးတဲ့ အတွက် အဲ့ကိစ္စကို မငြင်းတော့ဘူး။ သူမက system အား ဆက်ပြောလိုက်သည်။

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now