ARC.1.PART:16

5.2K 626 12
                                    

ချင်းပေသည် ကော်ဖီဆိုင်နဲ့ အတန်ငယ်အဝေးရောက်သောအခါရပ်လိုက်ရင်း ကျိန်ဆဲလိုက်သည်။

" ဘယ်လိုလုပ် အဲ့ဒီ မကောင်းဆိုဝါးက ရောက်နေရတာလဲ ။system သူက ငါတို့ကို မသိသွားလောက်ပါဘူးနော် ။ ငါ့ကို လာသတ်တော့မှာလား။ မဖြစ်ဘူး!!!! ငါ ဒီကမ္ဘာ က အမြန်ထွက်သွားရမယ်။ "

" system ငါ့ကို အဆင်ပြေမဲ့ company တစ်ခုရှာပေး။ "

System: အချက်အလက် ရှာဖွေမှု မပွင့်သေးပါ။

" systemစုတ် နင့်ကို ငါဘာသုံးလို့ရသေးလို့တုန်း"

System: ဘာမှမရသေးပါဘူး ;

ချင်းပေ: " ....." ငါ system  ကိုသတ်လို့ရလား။ဘယ်‌နေရာမှ သုံးစားမရဘူး။

ချင်းပေသည် တစ်တွတ်တွတ်ရေရွှတ်ရင်း ကျောင်း သို့ပြန်လာခဲ့သည်။ သူမသည် အပြန်လမ်းတွင် လင်ရှောင်းချန်အား ကောင်မလေး တစ်ယောက်နှင့်တွေ့လိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် တင်းကျပ်စွာဖက်ထားပြီး ဘေးတွင်ရှိသော လူတိုင်း သူတို့နှစ်ယောက်က အလွန်ချစ်ခင်ကြသော ချစ်သူတြွေဖစ်ကြောင်း သိနိုင်ပေသည်။

" ထူးဆန်းလိုက်တာ ငါ့ရဲ့ ‌ဇာတ်လိုက်အရှိန်အဝါက ဘာလို့မလျော့သွားတာလဲ " လင်ရှောင်းချန်ရဲ့ မျက်လုံးတွေကိုကြည့်တာနဲ့ သူမကို အရမ်းချစ်နေတာ အသိသားကြီးကို။

< Host သွားပြီး ဖြေရှင်းမလား > system က တွန့်ဆုတ်စွာပြောလာသည်။

ချင်းပေက ထူးဆန်းသည် ဟုခံစားရသော်လည်း ပြန်ပြောလိုက်သည်။ " မလိုဘူး ငါလဲ သူ့ကိုမကြိုက်ပါဘူး။ သူ့လွတ်လပ်ခွင့်ဘဲ။ငါ့ အရှိန်အဝါ မလျော့ရင်ရပြီ။ "

< ကောင်းပြီ > ထိုအခါမှ system က စိတ်သက်သာရာ ရသွားဟန်ပေါ်သွားသဖြင့်

" ဘာဖြစ်လို့လဲ အရမ်းသတိထားနေတယ် " ချင်းပေ က သူသတိထားမိတယ်ဆိုသည့် လေသံဖြင့်ပြောလိုက်သည်။

< ကျောင်းရောက်မှ ပြောပြမယ် > system ၏ စိတ်ပိုင်းဖြတ်ထားဟန် အသံကိုကြားမှ

" ကောင်းပြီလေ " သူမက အလျင်မလိုဟန်ဖြင့်ပြောလိုက်သည်။

~~~~~~~

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now