နောက်တစ်နေ့မနက်တွင် ချင်းပေသည် Crystal ကိုယ်ပိုင်အထက်တန်းကျောင်း မိန်းကလေးအဆောင်၏ အခန်းငယ်လေးတစ်ခုထဲတွင် နိုးထလာသည်။ချင်းပေသည် မနေ့က ကျောင်းအိမ်တော်မှ ထွက်လာခဲ့ပြီးနောက် သူမတက်ရမည့်ကျောင်းသို့လာခဲ့ပြီး အဆောင်တွင် အခန်းတစ်ခုရခဲ့သည်။
System : host က ဒီကိုဘာလို့လာတာလဲ။ ကျောင်းမှာဆို ကျောင်းယွီလင်းရဲ့ အရင်ကဇာတ်ကြောင်းအတိုင်းပြန်မဖြစ်နိုင်ဘူးလား။
system သည် ချင်းပေနိုးလာသည်အားမြင်သဖြင့် ပြောလိုက်သည်။ မနေ့က အဆောင်းရောက်ရောက်ချင်း အခန်းရှင်း ၊ ပစ္စည်းတွေသိမ်း ၊ ရေမိုးချိုးပြီးနောက် အိပ်သွားတာ အခုမှနိုးလာသဖြင့် အခုမှမေးနေရခြင်းပင်။ ' အိပ်နေတုန်းသွားနိုးပြီးမေးရမှာလား။ ငါ့ကိုသေအောင်ရိုက်တောင် မလုပ်ဘူး။ '
ချင်းပေသည် system ပြောသည့်နှင့် ကျောင်းယွီလင်း၏အရင်းဇာတ်ကြောင်းအား တွေးလိုက်သည်။ဇာတ်ကြောင်းတွင် ကျောင်းယွီလင်းသည်လည်း အိမ်မှ နှင်ထုတ်ခံရပြီးနောက် သွားစရာနေရာမရှိသဖြင့် ကျောင်းသို့ရောက်လာခြင်းဖြစ်သည်။
' ထိုအချိန်က သူမတွင် ဇာတ်လိုက်မ၏ ကြီးကျယ်မြင့်မြတ်တဲ့ အရှိန်အဝါ ကျန်ရှိနေသေးသဖြင့် ဇာတ်လမ်းကနေလမ်းကြောင်းတစ်ခုပေးထားခဲ့သည်ပင်။ အဲ့ဒါက ကျောင်းယွီလင်း အိမ်မှ ထွက်သွားပြီးနောက်တစ်နေ့သည် သူမတက်နေသည့်ကျောင်းဖွင့်ရက်ဖြစ်သည်။'သူမ၏ ကျောင်းတက်ရက်များသည်အစပိုင်းတွင် အဆင်ပြေနေသေးသော်လည်း နောက်ပိုင်းတွင် ကျောင်းမှလူများသည် ကျောင်းချန်ယွီကြောင့် သူမကျောင်းမိသားစု၏ သခင်မလေးမဟုတ်တော့ကြောင်းသိသွားကြသည်။ထိုအချိန်မှစ၍ သူမ၏ နေ့ရက်များသည် ခက်ခဲလာပြီ နောက်ဆုံး ကျောင်းထွက်ရသည်အထိဖြစ်သွားခဲ့သည်။
ချင်းပေ : ဒီကိုမလာလို့ ဒီအစ်မကြီးက ဘယ်မှာ သွားသေရမှာတုန်း နင်ပြောသလိုဘဲ ငါ့မှာ ပိုက်ဆံတကယ်မရှိဘူး။
ချင်းပေသည် စိတ်ပျက်လက်ပျက်ပြောလိုက်သည် ။ အရင်ကျောင်းယွီလင်းသည် သူမပိုင်ဆိုင်မှုအနည်းငယ်ရှိပြီး ယူခဲနိုင်သော်လည်း သူမ၏ ဂုဏ်သိက္ခာ ရှိရှိ ထွက်ခွာမှု ကြီးပီပြင်အောင် ရှိသမျှအကုန်ထားခဲ့ရတယ်လေ။ကျောင်းတောင် အရင်ကတည်းက ကြိုအပ်ထားလို့တော်သေးတာ။ယခုသူမ ပိုက်ဆံအိပ်ထဲတွင် ယွမ် 100 လောက်သာကျန်တော့သည်။ ကံကောင်းတာ သူမ မထွက်လာခဲ့ခင် အမှတ်တရ ပစ္စည်းအဖြစ်ဆိုပြီး ယူခဲ့သည့် ကွန်ပျုတာလေးရှိနေသေးတာဘဲ။
أنت تقرأ
TAKING BACK MAIN LEAD'S INFLUENCE
عاطفيةSystem - host ရယ် ကျေးဇူးပြုပြီး mission လေးကို သေချာလေးလုပ်ပေးပါ ဟုတ်ပြီလား Host - . . . . System - host . . . host ဘာဖြစ်. .ဟမ် .အိပ်နေပြန်ပြီလား System - ( ဘယ်လိုလုပ် လူတစ်ယောက်က အဲ့လောက်တောင် အိပ်နိုင်ရတာလဲ . .ကြီးကြပ်ရေးမှုူးရေ ဒီ host ပြန်အမ...