ARC.1.PART:22

5K 601 10
                                    

ကျင်းဖေးရှင်း သည် ရှန်းချွန်းမင်က ထိုမိန်းကလေးကို နမ်းလိုက်သည်အား မြင်လိုက်ရပြီး နေရာမှာတင် တောင့်တင်းနေမိသည်။ ခနကြာမှ သတိပြန်ဝင်လာပြီး မနာလိုမှုများ ထွက်ပေါ်လာတော့သည်။သူမ၏ ထိန်းချုပ်ထားရသော စိတ်ခံစားမှုများသည် ပေါက်ကွဲထွက်လာပြီး ချင်းပေ အား တွန်းထုတ်လိုက်သည်။

" နင်က သူ့ကို မြူဆွယ်ရဲတယ် ။ သူ့ကို ငါပိုင်တာ ။ နင့်လို အခုမှ တာဝန်ထမ်းဆောင်တဲ့ အသစ်လေးက ငါ့ကို လာယှဉ်ရဲတာလား "

ရုတ်တရက်ကြီး အနမ်းခံလိုက်ရသည့် ချင်းပေသည် ထပ်ပြီး အတွန်းခံလိုက်ရသဖြင့် ဒေါသတို့က ထောင်းခနဲထွက်လာသည်။ ' ငါက ဘယ်သူ့ကိုမှ ဘာမှမလုပ်ဘူးဆိုတာ ငါက အကြောင်းစုံ မသိဘဲ ဘာမှ မလုပ်ချင်လို့။ ကျောင်းချန်ယွီ ကိာတောင် ဘာမှ ပြန်မလုပ်ဘူး ။ နင်က ငါ့စိတ်ကို လာဆွနေတာဘဲ ။ '

သူမက ဒေါသတကြီး ပြန်ပြောရန် ပြင်လိုက်စဉ် ကျင်းဖေးရှင်းပြောလိုက်သော စကားများကြောင့် သူမအကြည့်များ စူးရှသွားသည်။ ' လာပြန်ပြီ ။ နောက်တစ်ယောက် '

ရှန်းချွန်းမင် သည်လည်း ထိုစကားအား ကြားပြီး ကျင်းဖေးရှင်းအား ကြည့်လိုက်သည်။ သူ့အကြည့်များက အေးစက်ပြီး လူသတ်ငွေ့များပါနေသည်ကို အဝေးတွင်ရှိသော ချန်ယု ၊ ချင်းပေနှင့် ကျင်းဖေးရှင်း တို့ သုံးယောက်သာသိသည်။ ထိုသို့သော လူသတ်ငွေ့က ချင်းပေ ကိုပင် လှည့်ကြည့်စေသည်။ ' ဘာလဲ။ ဇာတ်လိုက်က သတိမထားမိလိုက်ဘူးလား '

ကျင်းဖရှင်း သည်လည်း သူမစကားမှားသွား‌ကြောင်း သတိထားမိလိုက်ပြီ ထိတ်လန့်သွားသည်။ သို့သော် သူမက ခနအတွင်း ပြန်တည်ငြိမ်သွားသည်။ သူမက သူမရဲ့ system နှင့် ဆက်သွယ်လိုက်သည်။

[ 005 ငါ အတိတ်မေ့ကဒ်သုံးမယ် ။aww ချစ်ခြင်းတရားကဒ်ကော အကုန်သုံး သူက ငါ့ကို မကြိုက်ဘူးလို့မယုံဘူး ။ဟမ့် ဒီလို ကမ္ဘာက ဇာတ်လိုက်တစ်ယောက်က ငါ့ကို သတ်ချင်နေတယ်တဲ့လား ။ သူ့ရဲ့ ပုံစံက အရင် ငါတွေ့ဘူးသမျှထဲမှ အမိုက်ဆုံးမဟုတ်ရင် သူ့ကမ္ဘာကို ဖျက်ဆီးပျက်လိုက်ပြီးပြီ။ ငါ့ရဲ့ခြေရင်းကို ရောက်မှ ကောင်းကောင်းသင်ပေးလိုက်ဦးမယ်။ ]

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now