ချင်းပေသည် ည ၈ နာရီလောက်တွင် နိုးလာသည်။ ရေချိုးကာ အောက်ထပ်သို့ညစာစားရန်ဆင်းသွားသည်။သေချာပေါက် ညစာက ခေါက်ဆွဲပြုတ်ဘဲပေါ့။ သူမက လှေကားမှ ဆင်းလာစဉ် အောက်ထပ်မှ အသံကြားလိုက်သဖြင့် သတိအနေအထားဖြစ်သွားသည်။ သူမက ညနေကတည်းက အိပ်ပျော်သွားပြီး အခုမှ နိုးလာရာ တစ်အိမ်လုံး မီးမထွန်းရသေးဘဲ မှောင်မည်းနေသည်။
သူမ ဒီအိမ်သို့ ရောက်ကတည်းက သူမသာရှိပြီး ရှန်းချွန်းမင်ကလဲ လာမနေသဖြင့် သူမတစ်ယောက်သာရှိသည်။ ' သူခိုးလား????? '
သူမက အိမ်အောက်သို့ အသံမထွက်စေဘဲ ဖြည်းဖြည်းချင်း ဆင်းလာကာ မီးဖိုချောင် အနီးတွင်ရပ်လိုက်ပြီး လှေကားအောက်တွင်ရှိသော တုတ်အားလှမ်းယူလိုက်သည်။ သူမက မီးဖိုခန်းအတွင်းသို့ ခိုးကြည့်လိုက်ရာ ရေခဲသေတ္တာအနီးတွင် လူရိပ်တစ်ခုကိုတွေ့လိုက်သည်။ ထိုလူက တစ်ခုခုရှာနေပုံပင်။
' သေချာတယ် သူခိုးဘဲ! ' ထိုနောက် သူမက တစ်ခုခုသတိရလိုက်သည်။ ' သေစမ်း!! ရေခဲသေတ္တာထဲမှာ ငါ့ရဲ့ ဒီလအတွက်ရိက္ခာတွေရှိနေတယ်။ 'ချင်းပေသည် တိတ်တဆိတ်ဝင်လာပြီး
" သူခိုးစုတ် ငါ့ခေါက်ဆွဲထုပ်တွေခိုးချင်တာလား ။ အိမ်မက်မက်မနေနဲ့!!!! " သူမက အော်လိုက်ကာ ထိုသူ၏ ခေါင်းအား တုတ်ဖြင့် အားအပြည့်ထည့် ရိုက်လိုက်သည်။
သူမရိုက်လိုက်ချိန်တွင် နောက်လှည့်လာသောထိုလူအားတွေ့လိုက်သည်။ သူမအား သေအောင်ရိုက်ပြီးမေ့ခိုင်းတောင်မမေ့နိုင်သော မျက်နှာချောချောအားတွေ့လိုက်ရသည်။ သူမသတိပြန်ဝင်လာချိန်၌ သူမ၏ တုတ်အား ပြန်သိမ်းရန်အချိန်မမီတော့ချေ။ ' ငါတော့ သေပြီ !!!! '
~~~~~~~'
" အခုတလော ခေါက်ဆွဲပြုတ်တွေဘဲ စားနေတာလား "
ချင်းပေသည် အသံမထွက်ဘဲ ခေါင်းသာ ညိတ်ဖြေလိုက်သည်။ သူမရဲ့ မျက်လုံးက ရှန်းချွန်းမင်ရဲ့ လက်ပေါ်က အနီစင်းကြောင်း ကြီးပေါ်တွင်ရှိနေသည်။ သူမရဲ့တုတ်ကျရောက်လာချိန်တွင် ရှန်းချွန်းမင်က လက်ဖြင့် ကာလိုက်ခြင်းပင်။
" ခေါက်ဆွဲပြုတ်တွေက ကျန်းမာရေးအတွက်မကောင်းဘူး ။ ဘာလို့ ဒါတွေ..."
YOU ARE READING
TAKING BACK MAIN LEAD'S INFLUENCE
RomanceSystem - host ရယ် ကျေးဇူးပြုပြီး mission လေးကို သေချာလေးလုပ်ပေးပါ ဟုတ်ပြီလား Host - . . . . System - host . . . host ဘာဖြစ်. .ဟမ် .အိပ်နေပြန်ပြီလား System - ( ဘယ်လိုလုပ် လူတစ်ယောက်က အဲ့လောက်တောင် အိပ်နိုင်ရတာလဲ . .ကြီးကြပ်ရေးမှုူးရေ ဒီ host ပြန်အမ...