ARC.1.FINAL

6.2K 620 51
                                    

ချင်းပေသည် ကျောင်းချန်ယွီထံသို့လျှောက်သွားလိုက်သည်။ သူမလက်ထဲတွင် ‌ရှန်းချွန်းမင်၏ ရင်ဘက်မှဆွဲနုတ်ထားသော ဓားရှိနေသည်။

" မင်းးးးမင်းဘာလုပ်မလို့လဲ။ လူသတ်မှုမြောက်တယ်နော် " ကျောင်းချန်ယွီက ‌ချင်းပေလာသည်အား မြင်သဖြင့် လှဲကျနေရာမှ ထကာ တဖြည်းဖြည်း နောက်ဆုတ်သွားသည်။

" ဟမ့် မပူပါနဲ့ ငါက နင့်ကို လွယ်လွယ်နဲ့ မသေခိုင်းဘူး။ " ချင်းပေက သူမလက်ထဲက ဓားကို‌မြောင်လိုက်ကာ ကျောင်းချန်ယွီအား ရွယ်လိုက်သည်။ သူမ လှောင်ပြုံးပြုံးပြီး ဆက်ပြောလာသည်။ " ငါက နင့်ကို သေချင်စိတ်ပေါက်အောင်ဘဲလုပ်မှာပါ ။ နင် မခံစားချင်တဲ့ အရာ အားလုံးခံစားရ‌အောင်လုပ်မှာ ။ ဒီဓားက နင့်ဟာလေ ပြန်ပေးမလို့ "

သူမက ပြောရင်း ချက်ချင်း ကျောင်းချန်ယွီ အနားရောက်သွားကာ ကျောင်းချန်ယွီ၏ မျက်နှာအား ခြစ်လိုက်သည်။

" အား!!!! နာ... နာတယ် ငါ့မျက်နှာ !!!" ကျောင်းချန်ယွီက  သူ့မျက်နှာအား အုပ်ကာ အော်လိုက်သည်။ မျက်နှာက နာကျင်မှာကနေ သူ့ဝိဉာဉ်အထိပင်။

" အားရိုး။ ငါက သာသာလေးဘဲ ခြစ်ရသေးတာလေ ။ " ချင်းပေ က ခပ်ဟဟရယ်လိုက်ရင်း ပြောလိုက်သည်။ထို့နောက် သူမက ဒေါသတကြီးဖြင့် " နင် သူ့... သူ့ကို ဓားနဲ့ထိုးတုန်းက ဒီထက် အဆတစ်ရာ နာတယ် ဆိုတာ သိလား ဟမ် "
သူမက ပြောရင်းနဲ့ ကျောင်းချန်ယွီ၏ ခြေထောက်အား ထိုးချလိုက်သည်။

" ငါ..အား!!!! " ကျောင်းချန်ယွီက စကားပြောရန်ပြင်လိုက်သော်လည်း ‌ချင်းပေ၏ ဓားချက်ကြောင့် အော်လိုက်ရသည်။

< Host စိတ်ထိန်းပါဦး ။ host လူသတ်မယ်ဆိုရင် လူအများရဲ့ အာရုံစိုက်မှုကို ရလိမ့်မယ်။ ကျွန်တော်တို့က အခု ထိန်းချုပ်သူတစ်ယောက်ကိုလည်း သတ်လိုက်ပြီဖြစ်လို့ ဝရမ်းပြေးလို ဖြစ်နေပြီ။ > system က သတိပေးလိုက်သည်။

ချင်းပေက system ရဲ့ စကားကို ကြားသော်လည်း အရေးမလုပ်ပေ သူမလက်က ဓားကို နှစ်အောင် ထပ်ပြီး ထိုးချလိုက်သည်။

" အားးး တော်ပါတော့!!! ငါ့ကို သတ်လိုက်တော့ " ကျောင်းချန်ယွီက အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ သူက ပြန်မွေး‌ဖွားလာပြီး ဝိဉာဉ်က သန်မာ‌သော်လည်း သူ့ကို ထိုးနေသည့် ဓားက ခန္တာကိုယ်ထက် ဝိဉာဉ်ကို တိုက်ရိုက်ထိ ခြင်း ဖြစ်သည်။

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now