ARC.1:PART.20

5K 542 8
                                    

ခုနက ကိစ္စပြီးနောက် ကားတစ်ခုလုံး တိတ်ဆိတ်သွားပြီး ဖုန်းပြောသံတစ်ခုသာ ထွက်ပေါ်နေသည်။ချင်းပေသည် သူမဘေးနားတွင် ဖုန်းပြောနေသည့် လူအားကြည့်လိုက်သည်။ ဖုန်းပြောတာ ဆိုပေမဲ့လဲ ထိုလူက ကိုင်ထားရုံမျှသာဖြစ်ပြီး တစ်လုံးမျှ မပြောပေ။

လက်တစ်ဖက်ကို ဘေးအိတ်ထဲထည့်ကာ သက်တောင့် သက်သာ မှီထား သည်။ ဖုန်းကိုင်ထားသည့် ရှည်လျားသည့် လက်‌ချောင်းတို့က အကြောများထင်းနေသည်။သူမ ၏ အတွေးများအား system ၏ အသံမှ ဖြတ်တောက်လိုက်သည်။

/ ရှန်းချွန်မင် အနားကပ်ခြင်း အောင်မြင်သွားပါပြီ /

/ ဇာတ်လိုက်အရှိန်အဝါ : 70% /

' အဲ့လိုလဲ ရတာဘဲလား ???? ' သူမအတွေးမဆုံးခင် ကြောညာချက်ထပ်ရောက်လာသည်။

/ လွှမ်းမိုးနိုင်စွမ်းရှိသော အလုပ်ရရိြှခင်း /

/ ဇာတ်လိုက် အရှိန်အဝါ : 80% /

' OMG!!!! ပြည့်တော့မယ် ဟီးဟီး ' ထိုအချိန် ကားသည် ထိုးရပ်သွားသည်။ ရှန်းချွန်းမင်က သူမ ဘက်လှည့်ကာ ပြောလာသည်။

" ရောက်ပြီ!! မင်းပစ္စည်းတွေကို တစ်ယောက်ကို ယူခိုင်းလိုက်ပြီ . ကိုယ် အခုဘဲ အလုပ်ရှိလို့ A နိုင်ငံ ကို သွားရမယ် "

" အင်း။  သွားလေ အဆင်ပြေတယ် " သူမက ဂရုမစိုက်သလိုပြောလိုက်သည်။

" ကိုယ့်ကို အရမ်းသွားစေချင်နေသလိုဘဲ " သူက သူမကို စိုက်ကြည့်ကာ ပြောလာသည်။ချင်းပေသည် သူမရဲ့ အနာဂတ် အိမ်တော်အား ကြည့်၍ သတိလက်လွှတ်ဖြေလိုက်သည်။ " သေချာပေါက်... "

ဖြေပြီးသွားမှ သတိရသွားကာ ရှန်းချွန်းမင်အား ပြန်ကြည့် ၍ ခေါင်းကို အသာ ယမ်းကာ ပြန်ပြောလိုက်သည်။ " ‌....မဟုတ်ဘူးပေါ့ " သူမက ခေါင်းလေးစောင်းကာ ပြောနေပုံက ကြည့်နေသူတိုင်းကို သူမကို ယုံဖို့ပြောနေသလိုပင်။

" ကောင်း‌ကောင်းနေခဲ့ ကိုယ်သွားပြီ " ရှန်းချွန်းမင်က က ကားထဲပြန်ဝင်သွားကာ ပြောလိုက်သည်။

ချင်းပေသည် ထွက်ခွာသွားသော ကားအား ကြည့်၍ အထီးကျန်သလို ခံစားလာရသည်။ သူမက ခေါင်းယမ်းကာ ထိုအတွေးများ ထုတ်ပစ်လိုက်သည်။ '  သူမက ဒီကမ်ဘာကို အလည် လာသူ သက်သက်ပဲ ။ သူမက အခြားလူရဲ့ ခန္ဓာကိုယ်ထဲမှာ နေရတဲ့လူ ။ သူတို့ကြိုက်တဲ့ လူက ကျောင်းယွီလင်းဘဲ။ ငါမဟုတ်ဘူး .... ငါမဟုတ်ဘူး .. ဟုတ်ပြီလား။  ရှန်းချွန်းမင် က ငါ့ကို သိရင်တောင် ဒီခန္ဓာကိုယ်က ငါ့မဟုတ်သလို သူကလဲ ငါ့အတွက် မဟုတ်ဘူး ။ '

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now