ရှန်းချွန်းမင်သည် ပြိုလှဲကျလာသော သူမလေးအား ပွေ့ဖက်လိုက်သည်။ သူမလေး၏ မျက်နှာသည် ဖြူဖျော့နေပြီး ပါးစပ်မှ သွေးများစီးကျလာသည်။ သူက သူမရဲ့ မျက်နှာ လေး အား တယုတယကိုင်လိုက်သည်။ " ဘာလို့လဲ... ကိုယ်ထွက်သွားလို့ပြောရက်နဲ့ ။ "
" ရှင်က ... အဟွတ်.. ကျမ.. ချစ်သူလေ ။ ငါ့ကို.. ချစ်တတ်အောင်...လုပ်ပြီးမှတော့ ငါ့..အပိုင်ဘဲဖြစ်ရမှာပေါ့။ " ချင်းပေက သူမရဲ့ အားနည်းနေသော လက်ကို မြောက်ကာ ရှန်းချွန်းမင်၏ မျက်နှာအား ထိတွေ့လိုက်သည်။
< Host ... Host အဆင်ပြေ...> system ၏ အမြင်တွင် သူ့ host ရဲ့ အချိန်မရွေးလွင့်ပျယ်သွားနိုင်သည့်ဟန်ရသည့် ဝိဉာဉ်ကိုသာ ဖြစ်သည်။ သူက ပြောရင်း အဆက်အသွယ်ပြတ်တောက်သွားသည်။
ရှန်းချွန်းမင်က သူမအား ကြည့်ရင်း သူရဲ့ နာကျင်မှုက ပိုလို့ပင်ဆိုးလာသည်။ သူက သူမရဲ့ လက်လေးကို ပြန်ဆုတ်ကိုင်လိုက်ကာ အားတင်းကာ ပြုံးလိုက်ပြီး
" ကိုယ်က ... ကိုယ်က မင်းက ကိုယ်ဆီက အမြဲထွက်သွားချင်ခဲ့တယ်လို့ ထင်ခဲ့တာ။ မင်းးမင်းက ကိုယ့်ကို မချစ်ဘူးလို့"
" အရူး... ငါသာ မချစ်ရင် သေချင်သေပစေ ထွက်သွားရအောင်လုပ်မှာ.." ချင်းပေက စကားတစ်လုံးချင်းပြောရင်း သူမပါးစပ်မှ သွေးများပြည့်လျံလာသည်။
" ကောင်း..ကောင်းပြီ။ ကိုယ်ကို့ကတိပေး။ ကိုယ့်ကိုချန်မသွားဘူးလို့ " သူက သူမလက်ကို လွတ်ထွက်သွားမည့်အလား ဆုတ်ကိုင်ထားရင်း ပြောလာသည်။ သူ့အသံက အက်ကွဲနေပြီး တောင်းဆိုမှု၊ တောင်းပန်မှု တို့ ပြည့်နှက်နေသည်။
ချင်းပေက စကားပင် မပြောနိုင်တော့ပေ။ သူမက ပြုံးကာ ခေါင်းသာ ခါလိုက်သည်။ ' သူမက မတည်နိုင်တဲ့ ကတိတွေ မပေးချင်ဘူး။ အခုချိန် သူမရဲ့ ဝိဉာဉ်က ဒီခန္တာကိုယ်ကနေထွက်တာနဲ့ ပျောက်ကွယ်တော့မယ်ထင်တယ် '
ရှန်းချွန်မင်က သူမကို ထပ်ပြောရန်ပြင်လိုက်သော်လည်း ထိုအချိန် သူက အန္တရယ် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သူမကို တင်းတင်းပွေ့ဖက်ကာ အနောက်သို့ ခုန်ဆုတ်လိုက်သည်။သူက အနောက်ဆုတ်လိုက်သည်နှင့် သူနေခဲ့သည့်နေကာက ပေါက်ကွဲမှုကြီး ဖြစ်သွားသည်။ ပြီးတော့ သူတို့က ရုံးခန်းထဲမှာ မဟုတ်ဘဲ crystal ကျောင်း၏ အနောက်ဘက်ကွင်းပြင်တစ်ခုထဲသို့ ရောက်နေသည်အား သိလိုက်သည်။
DU LIEST GERADE
TAKING BACK MAIN LEAD'S INFLUENCE
RomantikSystem - host ရယ် ကျေးဇူးပြုပြီး mission လေးကို သေချာလေးလုပ်ပေးပါ ဟုတ်ပြီလား Host - . . . . System - host . . . host ဘာဖြစ်. .ဟမ် .အိပ်နေပြန်ပြီလား System - ( ဘယ်လိုလုပ် လူတစ်ယောက်က အဲ့လောက်တောင် အိပ်နိုင်ရတာလဲ . .ကြီးကြပ်ရေးမှုူးရေ ဒီ host ပြန်အမ...