~Intro~

47.3K 1.7K 87
                                    

Zawgyi Version

ဟန်မြစ်ကမ်းဘေးရှိ ခုံတန်းလေးပေါ်တွင် ထိုင်ကာ ပြုံးရယ်နေပါသော ကောင်လေးတစ်ယောက်။
လက်ထဲတွင်လည်း ရုပ်ရှင်လက်မှတ်‌လေးနှစ်စောင်နဲ့အတူ ချစ်ရသူကိုပေးဖို့ မာဖလာအနီရောင်လေးတစ်ထည်က နေရာယူလို့ထားသည်။

ဒီနေ့က သူနဲ့ကိုယ့်ရဲ့ ချစ်သူသက်တမ်း ၃ နှစ်ပြည့်တဲ့နေ့ပင်။
ဟန်မြစ်မှာ မနက် ၁၀ နာရီချိန်းထားကြပြီးနောက် ရုပ်ရှင်သွားကြည့်မယ်၊ ကော်ဖီဆိုင်ထိုင်မယ်၊ ပန်းခြံသွားမယ်၊ ကစားကွင်းသွားမယ်။
တစ်နေကုန်လည်ပတ်ပြီးရင်‌တော့ညနေကျရင်နှစ်ယောက်သား ဟိုးငယ်ငယ်လေးကတည်းက အတူတူစွန်လွှတ်နေကျ နေရာလေးမှာ အရင်တုန်းကလိုပဲ စွန်လွှတ်ကြမယ်။

အတွေးနဲ့အတူ ပြုံးပျော်ရင်း လက်ပတ်နာရီကိုကြည့်မိတော့ ၁၀ နာရီထိုးဖို့ ၁၀ မိနစ်။
ခုံအောက်ကခြေထောက်လေးတွေကို ဟိုလှုပ်ဒီလှုပ် လှုပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် ချစ်ရသူအလာကို မျှော်နေမိသည်။

သို့သော် အချိန်နာရီတွေသာ ကုန်ဆုံးသွားတယ်၊
မျှော်နေသူကတော့ အရိပ်အယောင်တောင်ပေါ်လို့မလာပေ....။
နာရီလက်တံတွေလည်း တဖြည်းဖြည်းနဲ့ ၁၂ ကဏန်းဆီ ရောက်ရှိလို့လာပြီ....။
ရုပ်ရှင်စမယ့်အချိန်လည်း ကျော်လွန်လို့သွားလေပြီ။
သူ့ဆီသို့ ဖုန်းခေါ်ဆိုမှုသည်လည်း လူကြီးမင်း နှင့်သာ တိုးလေသည်။
ကိုယ်ကတော့ ထိုင်ရာကနေ တုတ်တုတ်မျှမလှုပ်မိသေး။

အကြောင်းတစ်ခုခုရှိလို့နေမှာပါ....။
ဟုတ်တယ်.... သေချာပေါက် အကြောင်းတစ်ခုခုရှိလို့နေမှာပါ...။

ဦးနှောက်ကအတွေးကိုဆန့်ကျင်သည့် မျက်ဝန်းထဲကမျက်ရည်တွေကတော့ ပါးနှစ်ဖက်ဆီအလုအယက်ခုန်ဆင်းလို့လာသည်။

ထိုအချိန် တတီတီမြည်လာသော ဖုန်းကြောင့် အလျင်အမြန်ကြည့်လိုက်မိတော့ ချစ်ရသူ 'ဂျွန်'
ဆိုတဲ့ နာမည်လေး။
နာမည်လေးတွေ့တာနဲ့ ငို‌နေရာကနေ ချက်ချင်းပြုံးလာအောင် လုပ်ဆောင်နိုင်တဲ့ ဂျွန်ဂျောင်ကု ပါလေ.....။
ပြုံးပျော်မိသွားကာ မျက်ရည်တွေကိုသုတ်လိုက်ပြီး ဖုန်းကိုင်လိုက်တော့ ကိုယ့်ဆီကဘာစကားမှ စမပြောရသေးခင်၊ အရင်ပြောလာတဲ့ သူ့ရဲ့အသံ။

Fallen For You [Completed]Where stories live. Discover now