Unicode
ဒီနေ့အိမ်တစ်အိမ်မှာ ဆူညံပလောရိုက်နေတာဘဲ။ အဲ့တာက ကလေးတစ်ယောက်ကြောင့်ပါ။ Kim Dahyun ဆိုတဲ့ကလေးကအရမ်းကိုဆိုးသွမ်လွန်းလှတယ်။ အိမ်က အိမ်အကူတွေ အဝတ်လဲပေးရင် လုံးဝလက်မခံဘူး။ သူ့ဖေဖေလို့ခေါ်တဲ့ Taehyung ကအဝတ်လဲပေးမှ ရတယ်။ Taehyung ကလည်း အိမ်မှာအမြဲမရှိဘူးလေ။ သူ့ကလေးကိုဘယ်ကြည့်နိုင်မှာလဲ။ ရုံးသွားခံနည်းတိုင်ပတ်နေကြတယ်။
“သားလေးရယ်။ papa ကရုံးသွားတော့မှာ မမတို့ဝတ်ပေးတာဝတ်ပါနော်။ လိမ္မာပါတယ်”
“သားကလိမ္မာဘူး။ papa ဝတ်ပေးမှဝတ်မှာ။”
“ဝတ်ပါသားရယ်။ papa ကမှမအားတာ”
“ထားလိုက်ပါညမရယ်။ ဒီမောင်ကြီးကျယ်ကို ကျွန်တော်ဘဲဝတ်ပေးလိုက်မယ်”
စိတ်မရှည်တော့တာနဲ့ Taehyung ကိုယ်တိုင်ဘဲဝတ်ပေးလိုက်တော့တယ်။
“သား papa သွားတော့မယ်။ ဗျောင်းဆန်အောင်မဆော့နဲ့နော်”
“ဟုတ်ကဲ့ပါ။ သားအိမ်ဇော်ထိုးဖြစ်အောင်ဘဲဆော့မှာပါ”
Taehyung ပြောမရလို့ သက်ပြင်းချပြီး ရုံးကိုဘဲလာခဲ့တယ်။ ရုံးရောက်တော့ သူစဉ်းစားမိတာက ဒီကလေးကိုထိန်းဖို့နဲ့ ဆုံးမပေးဖို့ ကလေးထိန်းတစ်ယောက်လိုတယ်လေ။ သူကလေးထိန်းလုပ်ဖို့တွက် လူရှာရတော့တယ်။ သူမြို့ထဲသွားပြီး နေ့လည်စာသွားစားတယ်။ သူဆိုင်ထဲကစားပြီးလို့ထွက်လာတဲ့ အချိန်နဲ့ လူတစ်ယောက်ပြေးလာတဲ့အချိန်တိုးပြီး တိုက်မိသွားတယ်။
“ဘာလို့ပြေးလာတာလဲ။ လူကိုမမြင်ဘူးလား”
“ကျွန်တော်မြင်ပါတယ်။ Hyung မှမဖယ်တာ”
“ဘယ်လို။ ငါကမဖယ်လို့ မင်းကဝင်တိုက်တယ်ပေါ့။ မင်းဘယ်သူလဲ”
ဦးထုတ်စောင်းထားတဲ့ ကောင်လေးရဲ့ မျက်နှာကိုသိချင်လို့ ဦးထုတ်ကိုဆွဲချွတ်လိုက်တယ်။ မထင်မှတ်ထားဘဲ အဲ့ကောင်လေးရဲ့ အကြည့်တွေနဲ့ သူ့မျက်နှာလေးက သူ့ကိုဖမ်းစားသွားတယ်။ ရုတ်တရပ် နှလုံးခုန်နှုန်းတွေမြန်လာတယ်။
“မင်းဘယ်သူလဲ”
“ကျွန်တော့်နာမည် Park Jimin ပါ။ အခုက ကျွန်တော်အရမ်းဝမ်းနည်းလို့ပြေးလာတာပါ”
YOU ARE READING
Your Choice [Uni/Zaw]
Romanceလူတွေရဲ့ဝေဖန်မှု့တွေကြားကနေ သတ္တိရှိရှိနဲ့ 4 နှစ်လုံးလုံး တစ်ယောက်ထဲအခက်အခဲတွေကိုကျော်ဖြတ်လာပြီး အချစ်ကိုတောင်မေ့နေခဲ့တဲ့ကောင်လေးတစ်ယောက်အတွက် အချစ်နဲ့ေတွ့ချိန်မှာ အချစ်က သူ့အတွက်ခါးနေသောအခါ............