🐯Part 20🐤

628 69 0
                                    

[Unicode]

“ဟုတ်တယ်လေ။ မင်းကငါ့ကိုကြိုက်တာလေ။ ချစ်တာမှမဟုတ်တာ။ ကြိုက်ပိုင်ခွင့်ရှိပါတယ်”

“အော်လျှော့ဈေးနဲ့ရောင်းနေတာလား။ ကြိုက်ပိုင်ခွင့်ရှိပါတယ်တဲ့လား။”

“ဟုတ်တယ်။ ငါသွားတော့မယ်”

“ကျွန်တော် Hyung ကိုချစ်တယ်”

“ချစ်ပိုင်ခွင့်ရှိပါတယ်။ ချစ်ပါ”

“Hyung စိတ်မှန်ပါသေးတယ်နော်”

“မှန်ပါတယ်”

“အော်ဟုတ်လား။ ရီးစားစကားပြောနေတာတောင် ဘာမှမဖြစ်ဘူးလား။ ကျွန်တော်အခုပြောနေတာ ရီးစားစကားပြောနေတာနော်။ သိတယ်မဟုတ်လား”

“သိပါတယ်။ ငါလဲမင်းကိုချစ်ပါတယ်”

Jin ကြောင်တောင်တောင်နဲ့ အိမ်ထဲပြန်ဝင်သွားတယ်။ Jungkook ကိုမေးခွန်းမရှိတဲ့ အဖြေတွေနဲ့ ထားခဲ့တယ်လေ။

“ဘယ်လိုလူလဲ ငါ့ကိုချစ်တယ်လို့ပြောသွားတာလား။”

Jungkook ကရေချိုးဖို့ အခန်းထဲကိုပြန်ဝင်သွားတယ်။ ဟိုဘက်အခန်းမှာလဲ Jimin ကနိုးလာပြီး Taehyung ပျောက်လို့လိုက်ရှာနေတယ်။

“Taehyung မင်းဘယ်မှာလဲ။ ငါအခန်းပြန်တော့မလို့။ ကလေးကိုကြည့်ထားအုံးလေ”

Jimin Taehyung ရေချိုးခန်းထဲမှာ မျက်နှာသစ်နေတယ်ထင်ပြီး ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ ရေချိုးနေတဲ့ Taehyung ကိုတွေ့သွားတယ်။ သူမြင်လိုက်တဲ့မြင်ကွင်းကြီးကြောင့် ရှက်ပြီး တံခါးပြန်ပိတ်ဖို့ လုပ်တော့ Taehyung က Jimin လက်ကိုဆွဲခေါ်လိုက်တယ်။ Jimin ကသေးသေးကွေးကွေးဆိုတော့ Taehyung ရင်ခွင်ထဲကို တန်းရောက်သွားတယ်လေ။ သူခမျာမျက်လုံးမဖွင့်ရဲရှာဘူး။ သူဖွင့်လိုက်ရင် မမြင်သင့်တာတွေမြင်သွားမှာလေ။

“ဘာလုပ်တာလဲ ငါ့ကိုလွှတ်ပေးပါ”

“ဘာလို့မျက်လုံးကြီးမှိတ်ထားတာလဲ ဖွင့်ပါ”

“မဖွင့်ဘူး။ ငါသွားတော့မယ်”

“ဖွင့်လို့ပြောနေတယ်နော်”

“မဖွင့်ဘူး”

Taehyung Jimin ရဲ့နှုတ်ခမ်းလေးကိုအတင်းနမ်းလိုက်တာ အဲ့ဒါတောင်ကိုယ်တော်ချောက မျက်လုံး မဖွင့်သေးဘူး။ အဲ့တော့ ဟိုကဒေါပွပြီး နှုတ်ခမ်းလေးကို နာနာလေးကိုက်လိုက်တယ်။ အဲ့တော့မှ မျက်လုံးဖွင့်လာတယ်။ ဒါပေမဲ့ Taehyung ရဲ့မျက်နှာကလွဲပြီးဘယ်ကိုမှမကြည့်ဘူး။ ရေတွေကလည်း ဖွင့်ထားတော့ Jimin ကိုလဲရေတွေစိုကုန်တယ်လေ။

Your Choice [Uni/Zaw]Onde histórias criam vida. Descubra agora