part 3

1.1K 112 1
                                    

Unicode

“သားသားဒါပြီးရင် ရေချိုးပြီးရင် အိပ်ရမယ်နော်။”

“ဦးဦးက သားအပေါ် အရမ်းကောင်းတာဘဲနော်။ အိမ်ကအိမ်ဖော်မမတွေက သားကိုခဏခဏရိုက်တယ်။ Papa နဲ့ပြန်တိုင်ပြောရင် ထပ်ရိုက်မယ်ဆိုပြီးပြောကြတယ်။ အဲ့တာကြောင့်သားက Papa ရှိတုန်းလေး ဆိုးနေရတာ။ Papa အိမ်မှာမရှိရင် သားတစ်‌ယောက်ထဲနေရတာ။ သားကိုဆုံးမမဲ့သူမရှိဘူး”

“သားက ဒါတွေလဲသိတာဘဲလား။ စကားပြောနေတာ လူကြီးလေးကြနေတာဘဲ”

“သားထမင်းစားပြီးပြီး ရေချိုးတော့မယ်နော်။ ပြီးရင်သားကို ပုံပြောပြီးချော့သိပ်နော်”

“အင်းပါ ဦးဦးချော့သိပ်ပါ့မယ်”

Jimin ကလေးကိုရေချိုးပေးဖို့ Taehyung အခန်းထဲကို အတူတူသွားကြတယ်။ Taehyung ကစာဖတ်နေတယ်။

“ကျွန်တော်ကလေးကို‌ရေချိုးပေမလို့ ဝင်လို့ရလားဗျ”

“ရပါတယ်။ ဝင်ပါ။ ရေချိုးပြီးရင် အဝတ်လဲဖို့က ဟိုဘက်က ဗီရိုထဲမှာ ရှိတယ်။”

ကလေးကိုရေချိုးခန်းထဲ ခေါ်သွားပြီးရေချိုးပေးတယ်။ မျောက်လောင်းကငြိမ်ငြိမ်မနေတော့ ရေတွေ အကုန်လုံး Jimin ကိုစိုကုန်တယ်။ အပေါ်ပိုင်းဆိုရင် အသားကပ်ထပ်ထားသလား အောင်းမေ့ရတယ်။ ခန္ဓာကိုယ်နဲ့ ကပ်နေတာဘဲ။

“ပြီးပြီး မင်းကိုရေချိုးပေးရတာ ငါပါရေချိုးလိုက်ရတယ်သိလား”

“ဟဲဟဲ ဦး body မိုက်တယ်နော်။”

“ဘယ်လိုပြောလိုက်တယ်။ မင်ကလေးမှဟုတ်ရဲ့လား”

“သူကလေးကလေးပါ။ အမှန်အတိုင်းပြောတာလေ။ မင်း body အရမ်းမိုက်တယ်”

“ဟုတ်ကျေးဇူးပါ”

Jimin ရဲ့ရှက်သွားတဲ့ပုံလေးနဲ့ သူ့ရဲ့ဖောင်ဖောင်းအိအိ ခန္ဓာကိုယ်လေးက Taehyung ကိုထပ်ပြီး ဆွဲဆောင်လိုက်နိုင်တယ်။ ကလေးကိုအဝတ်လဲပေးပြီးတော့ Jimin အိပ်ရာပေါ်ကိုကလေးကိုခဏ တင်ထားလိုက်ပြီး ရေတွေဆွဲစိုနေတဲ့ အဝတ်တွေကိုသွားလဲတယ်။

“ရေတွေကဘာလို့စိုနေတာလဲ”

“ဟိုမျောက်လောင်းလေးကိုရေချိုးပေးရတာလေ။ ငြိမ်ငြိမ်မနေတော့ စိုသွားတာပေါ့။”

Your Choice [Uni/Zaw]Tempat cerita menjadi hidup. Temukan sekarang