[Unicode]
“ဘာလို့မင်းမှာရီးစားရှိနေရတာလဲ။ ငါကမင်းကိုချစ်နေတာဆိုတာမင်းမသိဘူးလား။ တကယ်ပါပဲ”
ကလေးကိုရေချိုးပေးချိန်ရောက်တော့ Jimin ရေချိုးပေးဖို့ အခန်းထဲဝင်လာတယ်။ Taehyung ကတော့ ရုပ်ရှင်ကြည့်နေတယ်လေ။
“ကျွန်တော်ကလေးကိုရေချိူးပေးလိုက်တော့မယ်နော်”
“မင်းဘာသာမင်းလုပ်စမ်းပါ။ ငါ့ကို လာမပြောနဲ့”
“ဘာဖြစ်နေတာလဲ။ ကျွန်တော်ကိုစိတ်ဆိုးနေတာလား”
“ဟုတ်တယ်။ မင်းမှာ ဘာလို့ရီးစားရှိနေရတာလဲ။”
“ကျွန်တော့်မှာ ချစ်သူရှိတာ မင်းကိုဘာများဖြစ်စေလို့လဲ”
“ငါမင်းကိုချစ်တယ်။ စတွေ့တွေ့ချင်းထဲကချစ်ခဲ့တာ။ မင်းမသိဘူးလား”
Taehyung ရဲ့စကားကြောင့် Jimin ဘာပြန်ဖြေရမှန်းမသိဖြစ်သွားတယ်။ ကလေးလေးက ဘေးနားမှာရပ်ကြည့်နေတယ်။
“ကျွန်တော်မှ Hyung ကိုမချစ်တာ”
“နဲနဲလေးတောင်မချစ်ဘူးလား”
“မချစ်ဘူး”
Taehyung စိတ်တိုပြီး Jimin ကိုကုတင်ပေါ်တွန်းချလိုက်တယ်။ Jimin ရဲ့နှုတ်ခမ်းတွေကို အငမ်းမရနမ်းတော့တယ်။ Jimin ကလည်းရုန်းပင်မဲ့ သူ့အားနဲ့ကျမမျှဘူးလေ။ ကလေးလေးက ရှောင်ပေးရမှာလိုလို၊ ရပ်နေရမှာလိုလိုနဲ့။
“သားဦးဦး Jin တို့ဆီသွားနေအုံး”
ကလေးကို Jin တို့ဆီကိုသွားခိုင်းလိုက်တယ်။
“မင်းဘယ်လိုလူလဲ ငါမင်းကိုမချစ်ပါဘူးလို့ပြောနေတယ်လေ”
“ငါမင်းကိုချစ်တယ်လေ။ ငါကမင်းတစ်ယောက်ထဲကိုဘဲချစ်တာ”
“ကျွန်တော်မှမချစ်တာ။ လွှတ်ပါ”
ကလေးက Jin တို့ရှိတဲ့အခန်းကိုပြေးသွားတယ်။
“သားလေး ဘာဖြစ်လို့လဲ။ ရေမချိုးသေးဘူးလား။”
“အခန်းထဲမှာလေ Papa နဲ့ ဦးဦး Jimin တို့ဘာတွေလုပ်နေတာလဲမသိဘူး။ Papa က ဦးဦး Jimin ကို နမ်းနေတာကို ဦးဦး Jimin ကတွန်းထုတ်နေတယ်။ အဲ့တာဘာလုပ်နေတာလဲဟင်”
YOU ARE READING
Your Choice [Uni/Zaw]
Romanceလူတွေရဲ့ဝေဖန်မှု့တွေကြားကနေ သတ္တိရှိရှိနဲ့ 4 နှစ်လုံးလုံး တစ်ယောက်ထဲအခက်အခဲတွေကိုကျော်ဖြတ်လာပြီး အချစ်ကိုတောင်မေ့နေခဲ့တဲ့ကောင်လေးတစ်ယောက်အတွက် အချစ်နဲ့ေတွ့ချိန်မှာ အချစ်က သူ့အတွက်ခါးနေသောအခါ............