[unicode]
“coffee သောက်လိုက်အုံး။ မအိပ်ချင်အောင်လို့”
“ကျွန်တော်တို့စာသင်နေတာ ကြာပြီနော်”
“ငပျင်း အိပ်ချင်နေပြီလား။ စာကြမလုပ်ချင်ဘူး”
“မဟုတ်ပါဘူး။ ပျင်းလာလို့”
“coffee သောက်ခဏနား ပြီးရင်စာဆက်လုပ်မယ်”
Jungkook coffee သောက်နေတုန်း Jin ရဲ့ခွေးလေးက Jungkook ဆီကိုဖက်တက်တော့ သောက်နေတဲ့ coffee တွေအင်္ကျီပေါ်အကုန်စိုသွားတယ်။
“ဘယ်လိုလုပ်လိုက်တာလဲ စိုသွားပြီ”
“ငါ့အင်္ကျီယူလဲလိုက်”
“ကျွန်တော်အခန်းပြန်ပြီးလဲလိုက်မယ်လေ”
“ဒီမှာဘဲလဲလိုက်လို့ပြောနေတယ်လေ။ ငါထုတ်ပေးမယ်”
Jin သူ့ဗီရိုထဲက T Shirt တစ်ထည်ထုတ်ပေးလိုက်တယ်။
“ဒါကငါနဲ့သေးနေတယ်။ မင်းဝတ်ကြည့်လိုက်။ ငါတစ်ခါမှမဝတ်ရသေးဘူး။ ကြိုက်ရင်ယူလိုက်တော့”
“ဈေးကြီးမဲ့ပုံပဲနော်”
“ယူလိုက်စမ်းပါ။ သွားဝတ်”
Jin ကအတင်းဝတ်ခိုင်းလို့ Jungkook ဝတ်လိုက်ရတယ်။ သူနဲ့ကွက်တိဘဲလေ။
“မင်းနဲ့လိုက်တယ်။ မင်းယူလိုက်တော့။”
“တကယ်ယူရမှာလား”
“အင်း ယူလိုက်။ မင်းလဲအိပ်ချင်နေလောက်ပြီ။ သွားအိပ်တော့လေ။ လွယ်အိပ်နဲ့ ကျန်တဲ့ဟာတွေ ဒီမှာထားခဲ့လိုက်။ မနက်ဖြန်လဲဆက်သင်ရမှာလေ။ ကျောင်းပိတ်တယ်မလား။ ၂ ရက်လေ။”
“ဟုတ်ကဲ”
Jungkook ဘာမှမယူသွားတော့ဘဲ ပြန်သွားတယ်။ Jin ကလည်းပင်ပန်းနေပြီဆိုတော့ ကုတင်ပေါ်မှာ လှဲလိုက်တယ်။ သူခုနကအကြောင်းတွေကို ပြန်တွေးနေတယ်။ ရုတ်တရပ် Phone ဝင်လာတယ်။ Jin ကသူ့ဖုန်းထင်ပြီး ကြည့်လိုက်တော့ သူ့ဖုန်းမဟုတ်ဘူး။ သူလဲ ဘယ်ကလာလဲဆိုတာကိုလိုက်ကြည့်တော့ Jungkook လွယ်အိပ်ထဲက Jungkook ဖုန်းဖြစ်နေတယ်။
[Zawgyi]
“ဘယျလိုလုပျလိုကျတာလဲ စိုသှားပွီ”
“ငါ့အငျ်ကြီယူလဲလိုကျ”
YOU ARE READING
Your Choice [Uni/Zaw]
Romanceလူတွေရဲ့ဝေဖန်မှု့တွေကြားကနေ သတ္တိရှိရှိနဲ့ 4 နှစ်လုံးလုံး တစ်ယောက်ထဲအခက်အခဲတွေကိုကျော်ဖြတ်လာပြီး အချစ်ကိုတောင်မေ့နေခဲ့တဲ့ကောင်လေးတစ်ယောက်အတွက် အချစ်နဲ့ေတွ့ချိန်မှာ အချစ်က သူ့အတွက်ခါးနေသောအခါ............