🐯Part 23🐤

565 56 4
                                    

[Unicode]

“သားကြီး papa ကိုချစ်သေးတယ်မဟုတ်လား။”

“ဟုတ်ကဲ့ ချစ်ပါတယ်”

“ဒါဆို papa မြေးလေးကို papa အိမ်ကိုခေါ်သွားမယ်နော်”

“အဲ့တာကမဖြစ်ဘူးလေ။ ကလေးကငယ်သေးတယ်”

“ဘာဖြစ်လဲငါ့မြေးပါ ငါစောင့်ရှောက်မှာပေါ့”

“ဒါပေမဲ့ papa သားတို့က သားလေးနဲ့မခွဲနိုင်ဘူး။”

“ဒါဆိုလဲလာတွေ့ပေါ့။ ငါကတော့ကလေးကိုခေါ်သွားမှာဘဲ”

“papa သားမလိုက်ချင်ဘူး။ သားဖိုးဖိုးနဲ့မလိုက်ချင်ဘူး”

“သားလေးကလည်း ဖိုးဖိုးကြီးက သားလေးကိုအလိုလိုက်မယ်။ လိုချင်တာဝယ်ပေးမယ်။ ကျောင်းလဲ ထားပေးအုံးမှာ”

ကလေးကိုအတင်းခေါ်သွားတယ်။ အဖေဆိုတော့လည်း Taehyung လဲပြောလို့မရဘူးလေ။

“ငါထင်တယ် papa ကသားလေးကိုခေါ်သွားတာ အကြောင်းရှိလောက်တယ်”

“ဒုက္ခရောက်အောင်တော့မလုပ်လောက်ပါဘူးနော်”

“မသိတော့ဘူးကွာ။ papa ကကလေးကိုစိတ်ရိုင်းတွေသင်ပေးမှာကို ကြောက်တာ။”

သူတို့ညီအကိုတွေအကုန်လုံး အဲ့ဒီညက လုံးဝအိပ်မပျော်ခဲ့ဘူး။ ကလေးကိုစိတ်ပူနေကြတာလေ။ Taehyung အခန်းထဲကို Jimin အထုပ်တွေနဲ့ရောက်လာတယ်။

“ဘာလဲ”

“ကျွန်တော်ပြန်တော့မယ်လေ။ ကလေးလဲမရှိတော့ဘူး”

“မင်းကငါ့ချစ်သူလေ။ ဘာလို့ပြန်ရမှာလဲ မပြန်နဲ့ ဒီမှာဘဲနေ။”

“ဒါပေမဲ့”

“ငါမင်းကိုဒီမှာဘဲနေလို့ပြောနေတယ်နော်။ ငါအရမ်းစိတ်ညစ်နေတယ်။ သားလေးကိုလွမ်းတယ်”

“သားလေးကိုသွားကြည့်ကြမလား”

“ဘယ်လိုကြည့်မှာလဲ အိမ်မှာအစောင့်တွေကိုယ်က ၂၀ လောက်ရှိတာလေ။ ဘယ်လိုကြည့်မှာလဲ”

“ခိုးသွားမယ်လေ။ အခြေအနေကြည့်ပြီး”

Jimin ပြောတာကို Taehyung သဘောတူလိုက်ပြီး သူတို့အဖေအိမ်ကိုခိုးသွားကြတယ်။ အစောင့်တွေက အရက်တွေကို မူးအောင်သောက်ပြီး အိပ်ပျော်နေကြတယ်။ (တော်တော်အားကိုးရတဲ့ အစောင့်တွေ) ပြတင်းပေါက်ကနေ သူတို့တွေ့လိုက်ရတာက ကလေးကို ထမင်းကြွေးနေတာပါ။

Your Choice [Uni/Zaw]Donde viven las historias. Descúbrelo ahora