part 2

1.2K 125 0
                                    

Unicode

“ဒီနေ့တော့အပျော်ဆုံးနေ့ဖြစ်ပြီ”

“ဘာလို့လဲ”

“ဒီအိမ်အစုပ်ပလုပ်မှာမနေရတော့ဘူးလေ။ ကျေနပ်တယ်။ ဒါနဲ့အလုပ်ရှင်က အဖိုးကြီးလား။ ရုပ်ဆိုးလား”

“ဂျောင်အုန်းသီးရယ် ဘယ်ကအဖိုးကြီးကမှာလဲ။ ငါနဲ့ရွယ်တူလောက်ဘဲ။ ၂၄ နှစ်လောက်ဘဲရှိအုံးမှာ။ ရုပ်ကတော့ မင်းသား တောင်ရှုံးတယ်။”

“သူ့သားက ၄ နှစ်နော်။ သူကအခုမှ ၂၄ ဆိုတော့ သူအသက် ၂၀ မှာကလေးရတာပေါ့။ ဒါဆို သူလက်ထပ်တာက ၁၈ နှစ်လောက်ပေါ့။ ဘယ်လိုကြီးလဲ”

“ဘယ်လိုကြီးမှမလဲဘူး။ သွားမယ်စောင့်နေတာကြာလှပြီ”

Jungkook နဲ့ Jimin ကားပေါ်တက်သွားတယ်။ Jungkook မထင်မှတ်ထားဘူးလေ။ အလုပ်ရှင်က အဲ့လောက်ချောလိမ့်မယ်လို့။

“မင်းကအလုပ်ရှင်လား”

“ဟုတ်တယ်။ ငါ့ကို Hyung လို့ခေါ်ရင် ငါသဘောကြမိမှာ”

“ဟုတ်ကဲ့ပါ Hyung”

Taehyung Jimin နဲ့ Jungkook ကိုအိမ်ကိုခေါ်လာခဲ့တယ်။ အိမ်ရောက်တော့ Dahyun ကနေ့လည်စာမစားချင်ဘူးဆိုပြီး ပတ်ပြေးနေတယ်။

“ဘာလုပ်နေကြတာလဲ”

“Papa သားကိုထမင်းတွေဇွတ်ကြွေးနေတယ်။ သားမစားချင်ဘူးဆိုတာကို”

“သားရယ် ထမင်းစားရမှာပေါ့။ ဒါမှသားဝလာမှာလေ။ အခုကြည့်ဗိုက်ကချပ်နေတာဘဲ။ သားကြိုက်တဲ့ Huck ကြီးလိုဖြစ်အောင် စားရမယ်လေ”

“ထမင်းစားရင် တကယ် Huck ကြီးလိုဖြစ်လာမှာလား။”

“တကယ်ဖြစ်လာမှာ။”

“စားမယ်”

“ဒါနဲ့သားဒီဘက်က ဆံပင်ပန်းရောင်နဲ့ ဦးဦးနာမည်က Park Jimin တဲ့။ ဟိုဘက်ကတစ်ယောက်က ဒီဦးဦးရဲ့ညီ Jeon Jungkook တဲ့။ သားကိုဒီနေ့ကစပြီး ဦး Jimin ပဲထိန်းမှာ သားသူ့စကားကို နားထောင်ရမယ်နော်”

“ဦးတို့ကညီအကိုနှစ်ယောက်လဲပြောသေးတယ် မျိုးရိုးနာမည်လဲမတူဘူး”

“အဲ့တာက အကြောင်းရှိလို့ပေါ့ သားသားရယ်”

“Jimin မင်းအထုပ်တွေကို သူတို့ယူသွားပေးလိမ့်မယ်။ မင်းကလေးကို ထမင်းဝင်အောင်ကျွေးလိုက်တော့ ငါရေချိုးလိုက်အုံးမယ်။ Jungkook ကစာလုပ်စရာရှိတာသွားလုပ်လေ”

Your Choice [Uni/Zaw]Tempat cerita menjadi hidup. Temukan sekarang