[Zawgyi]
“မိန်းမလဲမရှိဘဲနဲ့ ကလေးတစ်ယောက်အဖေတဲ့။ ဘယ်လိုဖြစ်နိုင်မှာလဲ။”“ဟုတ်ပနော် နားကိုမလည်တော့ဘူး”
အဲ့ဒီလိုလူတွေရဲ့စကားတွေကြောင့် Taehyung ရှက်ပြီး ဝယ်စရာရှိတာတွေမဝယ်တော့ဘဲ ပြန်လာ လိုက်တယ်။ သူလဲဘွဲ့ရနေပြီလေ။ Hoseok မရှိဘူး။ လေယာဉ်ပေါ်ပါသွားပြီ။ သူ့အိမ်ကိုမထင်မှတ်ဘဲ သူ့အဖေ ရောက်လာတယ်။
“papa သားဆီလာတာလား”
“မင်းကငါ့ကိုမပြောမဆိုနဲ့ ထွက်သွားတာလေ။ အခုမင်းကိုလာခေါ်တာ။ မင်းတွက်အိမ်တစ်ခုစီစဉ် ပေးထားတယ်။ ဘွဲ့လဲရနေပြီလေ။ ငါရုံးမှာ C.E.O လာလုပ်ပေး”
“ဗျာ သားကငယ်သေးတယ်လေ။”
“မင်းကအခု ၂၃ နှစ်ရှိနေပြီလေ။ ငယ်သေးတာလား”
“ဟုတ်ကဲအဲ့တာဆိုလဲ ကျွန်တော်လုပ်ပေးပါ့မယ်။ ဒါပေမဲ့ ကလေးကရော”
“ခေါ်ခဲ့လိုက်ပေါ့ မင်းထိန်းရမှာဘဲလေ။ မင်းရုံးသွားတဲ့အခါ အိမ်စေတွေနဲ့ထားခဲ့ပေါ့”
“ကျွန်တော်စိတ်မချ”
“ငါတို့အခုသွားမယ်။ မင်းပစ္စည်းတွေမြန်မြန်ယူပြီးလိုက်ခဲ့တော့။”
Taehyung ကလေးနဲ့အတူတူ လိုက်သွားတယ်။ သူ့အတွက်စီစဉ်ပေးထားတဲ့အိမ်မှာ နေနေရတယ်။ သူအလုပ်သွားတဲ့အခါ ကလေးကို အိမ်ကူတွေနဲ့ထားခဲ့ရတယ်။ အဲ့မှာကလေးကစပြီး ဆိုးလားတာဘဲ။ Jimin Taehyung ရေးထားတဲ့စာတွေကိုဖတ်ပြီး သူ့စိတ်ထဲတစ်မျိုးကြီးတော့ဖြစ်သွားတယ်။ သူနောက်ဆုံး စာမျက်နှာကိုဖတ်ကြည့်လိုက်တော့။
“Jimin ငါမင်းကိုဘယ်လိုဖြစ်ပြီး ချစ်မိသွားတာလဲမသိဘူး။ ငါဘယ်သူ့ကိုမှမချစ်ဘူး။ မင်းကိုတော့ မြင်မြင်ချင်းကိုချစ်မိသွားတာ။ သေချာတယ်။ မင်းကငါ့ရဲ့ရင်ဘက်ထဲမှာနေရာယူထားပြီ။ ငါမင်းကို ချစ်တယ်လို့ ဖွင့်ပြောချင်တယ်။ မင်းလက်မခံမှာလဲဆိုးတယ်။ ငါပြောချင်တာက မင်းကိုဘယ်လိုပဲဖြစ်ဖြစ် ချစ်မယ်။ မင်းနဲ့အတူတူ ကမ္ဘာကိုပတ်မယ်။ မင်းနဲ့အီစီကလီတွေလုပ်ကြမယ်။ မင်းနဲ့ကောင်ကင်ကြီးက ကြယ်တွေကိုအတူတူရေတွက်ကြမယ်”
ESTÁS LEYENDO
Your Choice [Uni/Zaw]
Romanceလူတွေရဲ့ဝေဖန်မှု့တွေကြားကနေ သတ္တိရှိရှိနဲ့ 4 နှစ်လုံးလုံး တစ်ယောက်ထဲအခက်အခဲတွေကိုကျော်ဖြတ်လာပြီး အချစ်ကိုတောင်မေ့နေခဲ့တဲ့ကောင်လေးတစ်ယောက်အတွက် အချစ်နဲ့ေတွ့ချိန်မှာ အချစ်က သူ့အတွက်ခါးနေသောအခါ............