[Unicode]
“ပြောပါတယ်။ ပြန်မနေပါနဲ့တော့ ဒီမှာဘဲအိပ်လိုက်တော့”
Taehyung Jimin ကိုသူ့အခန်းထဲမှာဘဲ အိပ်ခိုင်းလိုက်တယ်။ ည ၇ နာရီလောက်ကြတော့ Jin Jungkook ကိုစာသင်ပေးဖို့လာခေါ်တယ်။ အဲ့ကလေးကစာလုပ်နေတယ်လေ။
“ငါမင်းကိုပြောခဲ့တယ်လေ။ ငါ့အခန်းကိုလာခဲ့ပါလို့။ စာသင်ပေးမယ်လို့။ ဘာလို့မလာတာလဲ”
“ကျွန်တော်မလာရဲလို့ပါ”
“ငါကသရဲမို့လို့လား။ ဘာလို့ကြောက်တာလဲ။ ငါကသရဲဆိုရင်တောင် အရမ်းချောတဲ့သရဲပဲဖြစ်မှာ”
“ဟုတ်။”
“အဲ့တာဆိုလာခဲ့။ အခုလာခဲ့”
Jungkook Jin အခန်းထဲကိုစာသင်ဖို့လိုက်သွားတယ်။ Jin အခန်းထဲကိုတစ်ခါမှသူမရောက်ဖူးဘူးလေ။ အခန်းကသန့်ရှင်းပြီး အရမ်းလှတယ်။ ခွေးလေးနဲ့ဆိုတော့ ပိုပြီးပြည့်စုံသွားတာပေါ့။
“Wow လှလိုက်တာ”
“မင်းလဲ Wow တာပဲနော်။”
“ဗျာ။ ဘာကိုလဲ”
“ငါတို့ ညီအကိုတွေထဲမှာ Yoongi က Wow ဘုရင် သူ့မွေးနေ့မှာ surprise လုပ်ပေးရင် Wow တာကမပြီးတော့ဘူး”
“အော်”
“အိမ်စာတွေပါတယ်မလား။ အတူတူလုပ်ကြရအောင်လေ”
Jungkook နားမလည်တဲ့စာတွေကို Jin ကရှင်းပြတယ်လေ။ စာရှင်းပြနေတုန်း Jin နဲ့ Jungkook မျက်လုံးချင်းဆုံသွားကြတယ်။ (အဲ့တာကိုသာသာမရှင်းတာ လူတွေကနော် မျက်လုံးချင်းဆုံသွားကြရင် ဘာလို့အကြာကြီးကြည့်နေကြတာလဲဟင်။ အကြည့်လွှဲလိုက်ပေါ့။)
“မင်းဘာလို့ငါ့ကိုကြည့်နေတာလဲ”
“Hyung ကရောဘာလို့ကျွန်တော့်ကို ကြည့်နေတာလဲ”
“ငါကြည့်လို့လား”
“မဟုတ်ဘူး။ မသိစိတ်ကကြည့်မိသွားတာ”
“ဘာတွေပြောနေတာလဲ။ စာကျက်ထား ငါတို့နှစ်ယောက်သောက်ဖို့ coffee သွားဖျောက်လိုက်မယ်”
Jin ရှက်ရမ်းရမ်းပြီး coffee သွားဖျော်တယ်။
(ဒါလေးကို ရှက်စရာလဲမလိုဘဲနဲ့ ကိုစိုကြည်ပိုလွန်းတယ်။)
သူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားတာလေးကို Jungkook ကတော့ပျော်နေတယ်လေ။ မကြာခင် Jin ပြန်ရောက်လာတယ်။
[Zawgyi]
ESTÁS LEYENDO
Your Choice [Uni/Zaw]
Romanceလူတွေရဲ့ဝေဖန်မှု့တွေကြားကနေ သတ္တိရှိရှိနဲ့ 4 နှစ်လုံးလုံး တစ်ယောက်ထဲအခက်အခဲတွေကိုကျော်ဖြတ်လာပြီး အချစ်ကိုတောင်မေ့နေခဲ့တဲ့ကောင်လေးတစ်ယောက်အတွက် အချစ်နဲ့ေတွ့ချိန်မှာ အချစ်က သူ့အတွက်ခါးနေသောအခါ............