[Unucode]
“ဗျာသားကိုဘာတွေလာပြောနေတာလဲ သားသိဘူး။ papa သားကိုပြန်လာခေါ်ပါ”
ကလေးကိုမဟုတ်တာတွေသင်ပေးနေတော့ Taehyung မနေနိုင်တော့ဘဲ အိမ်ထဲဝင်လာတယ်။
“ကလေးကိုအဲ့လိုတွေမသင်ပေးပါနဲ့”
“ဘာလာလုပ်တာလဲ ဒါကငါ့မြေးနော် မင်းသားလဲမဟုတ်ဘူး။”
“ဒါပေမဲ့ကလေးကငယ်သေးတယ်လေ။ Papa ပြောနေတာတွေက ကလေးကိုစိတ်ရိုင်းတွေဝင်သွား အောင်လုပ်နေတာလေ”
“Kim Taehyung ဒီအိမ်မှာငါ့အမိန့်ကအဓိကပဲ။ ကလေးကိုငါ့ဘာသာပုံသွင်းမယ်။ မင်းတို့ဝင်ပါစရာ မလိုဘူး။ မင်းတို့ကို စနေနေ့ ၁ ရက်ဘဲတွေ့ခွင့်ပေးမယ်။ ရှင်းလား ပြန်တော့”
“papa ကလေးကိုအဲ့လိုမလုပ်ပါနဲ့ သားတို့ကို ပုံသွင်းလို့မရတိုင်း မြေးလေးကိုတော့ ပုံမသွင်းပါနဲ့ တောင်းပန်ပါတယ်။”
“ဟိုဘက်ကတစ်ယောက် သူ့ကိုပြန်ခေါ်သွားတော့”
“လာပါ သွားရအောင်နော်”
Jimin အတင်းဆွဲခေါ်သွားပြီး အိမ်ကိုနှစ်ယောက်လုံးအတူတူပြန်လာကြတယ်။
“ဒါတော့ papa အရမ်းရက်စက်တယ်။”
“သားသားလေးက လိမ္မာပြီးသားပါ။ သူနားမထောင်လောက်ပါဘူး။”
“ဒါပေမဲ့ဟာ”
Taehyung တို့ကို သားလေးနဲ့ လုံးဝကိုတွေ့ခွင့်မပေးတော့ဘူး။ အဲ့လိုနဲ့နေလာတာ သားလေး အသက် ၁၈ နှစ်ပြည့်မွေးနေ့ရောက်တဲ့ထိပဲ။ Dahyun ကအိမ်မှာဘဲ သူ့သူငယ်ချင်းတွေနဲ့ Birthday Cake ခွဲပြီး Party ပွဲလုပ်လိုက်တော့တယ်။ သားလေးက သူ့မွေးနေ့မှာ Taehyung တို့အကုန်လုံးကိုဖိတ်တယ်လေ။ အဲ့တော့မှဘဲ သားလေးရဲ့ မျက်နှာကိုမြင်ရတော့တယ်။
“papa”
Dahyun က Taehyung ကိုဝမ်းသာအားရနဲ့ ဖတ်ပြီး ငိုတော့တယ်။ ငိုမှာပေါ့ လွမ်းတာကို။
“သားလေးတောင် ဒီအရွယ်ရောက်နေပြီကို။ အရမ်းချောတာပဲ”
“papa ကိုလွမ်းနေတာ။ ဖိုးဖိုးက papa ကသား papa မဟုတ်ဘူးလို့ပြောတယ်။ အဲ့တာမဟုတ်ဘူး မဟုတ်လား”
KAMU SEDANG MEMBACA
Your Choice [Uni/Zaw]
Romansaလူတွေရဲ့ဝေဖန်မှု့တွေကြားကနေ သတ္တိရှိရှိနဲ့ 4 နှစ်လုံးလုံး တစ်ယောက်ထဲအခက်အခဲတွေကိုကျော်ဖြတ်လာပြီး အချစ်ကိုတောင်မေ့နေခဲ့တဲ့ကောင်လေးတစ်ယောက်အတွက် အချစ်နဲ့ေတွ့ချိန်မှာ အချစ်က သူ့အတွက်ခါးနေသောအခါ............