[Unicode]
“ဘာလို့မိုးရွာတာလဲ။ ရုပ်ရှင်တွေထဲကလို ချစ်သူနှစ်ယောက်လမ်းခွဲကြတဲ့အခါ မိုးရွာသလို အပြင်မှာလဲ ဘာလို့ရွာရတာလဲ။ မရွာနဲ့ကွာ ငါစိတ်ညစ်နေတာနော်။ လမ်းလျှောက်ပြန်ရမှာ မိုးစိုတော့မှာဘဲ”
(ပတ်ဂျီမင်းရယ် ရှင်ကမိုးကိုမရွာဖို့တားနေတာလား။)
သူ့ကောင်မလေးက ငိုပြီးအိမ်ကိုပြန်လာတော့ သူ့အကိုတွေကသူ့ညမငိုနေတာကို Jimin ကြောင့်ပဲ ဆိုတာသိပြီး Jimin အိမ်အပြန်လမ်းမှာ တုတ်တွေနဲ့စောင့်နေတယ်လေ။
“မင်းတို့ကဘယ်သူတွေလဲ”
“မမှတ်မိဘူးလား။ မင်းအသဲခွဲခဲ့တဲ့ကောင်မလေးရဲ့အကိုတွေလေ”
“ကျွန်တော်နဲ့သူနဲ့ညှိနှိုင်းပြီးပြီလေ သူကလက်ခံတယ်လေ”
“ငါတို့ကလက်မခံဘူး။ မင်းငါ့ညမလေးကို ငိုအောင်လုပ်တယ်ပေါ့”
လူမိုက်တစ်ဇိုင်းတွေလေ။ အဲ့တော့ သနားစရာ Jimin လေးကိုဝိုင်းထိုးကြတယ်။ လူများတော့ သူလဲပြန်မချနိုင်ဘူးလေ။ သူတို့ဝိုင်းချကြပြီး ထွက်သွားကြတယ်။ Jimin ကတော့လမ်းပေါ်မှာဘဲ ကျန်ခဲ့တယ်။ သူလဲမထနိုင်တော့ဘူးလေ။ လမ်းပေါ်မှာလဲကျနေတယ်။ ဒဏ်ရာတွေကလည်း နဲနဲနောနော မဟုတ်ဘူး။ အဲ့ဒီအကြောင်းကိုသိလို့ သူ့ကောင်မလေးက Jungkook ဆီကိုဖုန်းဆက်ပြီးပြောတယ်။ Jungkook လည်းစိတ်ပူသွားပြီး အပြင်မှရောက်နေတဲ့ Taehyung ကိုဖုန်းဆက်လိုက်တယ်။
“Hyung Jimin ကိုလူဆိုးတွေဝိုင်းထိုးသွားလို့တဲ့ အဲ့တာကျွန်တော်တို့အိမ်နားကလမ်းထိပ်မှာ လဲနေ တယ်တဲ့။ Hyung သွားပေးလို့ရမလား”
“ငါသွားလိုက်မယ်”
Taehyung လည်းစိတ်ပူပြီး Jimin ဆီကိုမြန်မြန်သွားလိုက်တော့ လမ်းမပေါ်မှာလဲနေတဲ့ ဒဏ်ရာတွေ အပြည့်နဲ့ Jimin ကိုတွေ့လိုက်တယ်။ Jimin ကိုအိမ်ကိုပြန်ခေါ်လာပြီး သူ့အခန်းကိုခေါ်သွားတယ်။ ဒဏ်ရာတွေကိုသူကိုယ်တိုင်ဘဲ ဆေးထည့်ပေးလိုက်တယ်။
“မင်းကိုဘယ်သူတွေကလုပ်တာလဲ”
“ဘယ်သူမှမဟုတ်ပါဘူး”
“မင်းငါ့ကိုသူငယ်ချင်းလိုသဘောထားပြီး အမှန်အတိုင်းပြောပြပေးပါလား”
ESTÁS LEYENDO
Your Choice [Uni/Zaw]
Romanceလူတွေရဲ့ဝေဖန်မှု့တွေကြားကနေ သတ္တိရှိရှိနဲ့ 4 နှစ်လုံးလုံး တစ်ယောက်ထဲအခက်အခဲတွေကိုကျော်ဖြတ်လာပြီး အချစ်ကိုတောင်မေ့နေခဲ့တဲ့ကောင်လေးတစ်ယောက်အတွက် အချစ်နဲ့ေတွ့ချိန်မှာ အချစ်က သူ့အတွက်ခါးနေသောအခါ............