Part 7

851 85 2
                                    

[Unicode]

“ဆရာဝန်က ဆေးကုရမှာလေ မဖတ်ရဘူး။ သားကိုသူ့ရီးစားများမှတ်နေလားမသိဘူး”

“အဲ့လိုမပြောရဘူးလေ သားရဲ့ အဲ့တာသားရဲ့”

“ဦးကြီးလေ။ ဦးကြီးလို့ခေါ်နော်။”

Taehyung ပြောမဲ့စကားကို Jin ပိတ်ပြောလိုက်တယ်။ ကလေးကိုဆေးထည့်ထားပေးပြီး နာရီဝတ် လောက်စောင့်ရမဲ့အချိန်မှာ Jin Taehyung ကိုခေါ်ပြီး သူ့နားနေခန်းထဲကိုခေါ်သွားတယ်။ ဟိုနှစ်ယောက်က ကလေးကိုစောင့်ပေးနေရတယ်လေ။

“ခုနက သားလေးကငါ့သားလေးပေါ့”

“ဟုတ်တယ်လေ။ Hyung ကျွန်တော့်ကိုကလေးတစ်ယောက်နဲ့ထားသွားတာလေ။”

“ဘယ်လိုပြောလိုက်တာလဲ။ မသိရင်ငါကပဲ မင်းကိုမတော်မတရားလုပ်ပြီး တာဝန်မယူဘဲထားသွားတဲ့ အတိုင်းပြောပုံကို”

“Hyung အိမ်ပေါ်ကဆင်းသွားပြီးကတည်းက အဆင်ရောပြေရဲ့လား။ ဟိုနှစ်ယောက်ကော Hyung နဲ့အတူတူရှိလား”

“မရှိဘူး။ Namjoon က သူအရမ်းဝါသနာပါတဲ့ ကျောင်းဆရာအလုပ်ကိုဝင်လုပ်နေတယ်။ Yoongi ကတော့ ဂီတဆရာလုပ်နေတယ်။ piano သင်တန်းဖွင့်ထားတယ်”

“သူတို့က အိမ်ထောင်ကြပြီလား”

“မင်းအကိုတွေဘဲလေ မင်းလိုဘဲရုပ်ချောပြီးမစွန်ကြဘူး။ အခုထိ ရီးစားတောင်မရှိသေးဘူး”

“ကျွန်တော်ကရွေးနေတာပါ။ ပြီးတော့ကျွန်တော်မိန်းမမယူတော့ဘူး။ ဘာလို့လဲဆိုတော့ သားလေး အတွက်ကော ပတ်ဝန်းကျင်ရောရှိသေးတယ်လေ။ ပတ်ဝန်းကျင်က ကျွန်တော့်ကို သားလေးရဲ့ အဖေအရင်းလို့ဘဲ ထင်ထားကြတာလေ။ ကျွန်တော်မိန်းမယူလိုက်ရင် အရင်မိန်းမပေါ်သစ္စာမရှိတဲ့ ယောကျာ်းလို့ အထင်ခံရမှာပေါ့”

“ငါတောင်းပန်ပါတယ်။ ငါ့ကြောင့် မင်းဘဝကြီး မေးမှိန်သွားရပြီ။”

“မဟုတ်တာ။ ကျွန်တော်ချစ်နေတဲ့သူရှိပါတယ်”

“ဘယ်သူလဲ”

“ကလေးထိန်းပေးတဲ့ ဟိုနားမှာထိုင်နေတဲ့ ဆံပင်အပန်းရောင်လေးနဲ့ ကောင်လေးလေ။”

Your Choice [Uni/Zaw]Dove le storie prendono vita. Scoprilo ora