[Zawgyi]
“နေပါအုံး မနက်အစောကြီး ဒီမှာဘာလုပ်နေတာလဲ”“မင်းကရောဘာလုပ်နေတာလဲ”
“ငါကအိမ်ပေါ်ကဆင်းလာတာ။ ငါ့အကိုတွေကိုရှာနေတာ”
“Jin Hyung, Namjoon Hyung, Yoongi Hyung နဲ့ ကလေးလေးကိုရှာနေတာမဟုတ်လား”
“မင်းဘယ်လိုသိတာလဲ”
“ငါ့နာမည်က Jung Ho Seok Jin Hyung ရဲ့သူငယ်ချင်း သူတို့အခုငါ့အိမ်မှာရှိတယ်။ မင်းလိုက်ခဲ့မလား”
“စောစောကပြောတာမဟုတ်ဘူး။”
Jimin Hoseok အိမ်ကိုလိုက်သွားတယ်။ အိမ်ရောက်တော့ သူ့အကို ၃ ယောက်ကိုတွေ့လိုက်ရလို့ သူအရမ်းဝမ်းသာသွားတယ်။
“Taehyung မင်းဘာလို့လိုက်လာတာလဲ။”
“ကျွန်တော်အိမ်မှာမနေချင်တော့လို့ Jin Hyung တို့နဲ့အတူတူနေမယ်နော်”
“မဖြစ်ဘူးလေ။ မင်းကအခုမှ second years ပဲရှိသေးတယ်လေ။ ကျောင်းဆက်တက်ရမယ်လေ”
“ကျွန်တော်မတက်ချင်တော့ဘူး”
“မရဘူး။ မင်းကျေင်းဆက်တက်ရမယ်။ ပြီးတော့ ငါတို့က Namjoon တာဝန်ကျတဲ့ရွာမှာသွားနေမှာ။ ငါက ဆေးကျောင်းစာမေးပွဲပြန်ဖြေမယ်။ Yoongi ကဂီတဆရာလုပ်လိမ့်မယ်။”
“ဒါဆို သားလေးကရော”
“မင်းနဲ့ထားခဲ့မယ်လေ။ မင်းက အဝေးသင်မဟုတ်လား။ ထိန်းလို့ရတာပဲကို။ ပြီးတော့ Hoseok လဲရှိတယ်”
“ဒါဆိုကျွန်တော် Hoseok အိမ်မှာဘဲနေတော့မယ်။ အိမ်မပြန်တော့ဘူး။ papa ကလည်းအိမ်မှာမရှိဘူး။ US ကိုသွားတယ်။ ၁ လလောက်ကြာမှာတဲ့။”
Jin တို့၃ယောက်လုံးက ဘယ်ရွာကိုသွားမယ်ဆိုတာ မပြောသွားဘူး။ Taehyung အိပ်ရာနိုးလာတော့ သူ့အကို ၃ ယောက်လုံးမရှိကြတော့ဘူးလေ။ ကလေးကိုတော့ Hoseok ကထိန်းပေးနေတယ်။
“သားလေးကိုဘယ်လိုနာမည်ပေးရမှာလဲ။ ခုထိလဲနာမည်မရှိသေးဘူး။”
“ဟုတ်တယ်။ ကလေးက Kim မျိုးရိုးဆိုတောာ့ Kim Dahyun ဆိုရင်ရော”
“ကောင်းသားဘဲ။ လိုက်တယ်ကလေးနဲ့”
“ဒါနဲ့ မင်းကဘယ် uni ကလဲ။ ငါကလေကျောင်းကလေ။”
“ဒါဆို မင်းကဘွဲ့ရရင် လေယာဉ်မှူးဖြစ်မှာပေါ့”
![](https://img.wattpad.com/cover/259772303-288-k422699.jpg)
YOU ARE READING
Your Choice [Uni/Zaw]
Romanceလူတွေရဲ့ဝေဖန်မှု့တွေကြားကနေ သတ္တိရှိရှိနဲ့ 4 နှစ်လုံးလုံး တစ်ယောက်ထဲအခက်အခဲတွေကိုကျော်ဖြတ်လာပြီး အချစ်ကိုတောင်မေ့နေခဲ့တဲ့ကောင်လေးတစ်ယောက်အတွက် အချစ်နဲ့ေတွ့ချိန်မှာ အချစ်က သူ့အတွက်ခါးနေသောအခါ............