part 4

1K 108 1
                                    

Unicode

“ဦဦးဒါတွေကိုဦးချပ်တာလား။ ကောင်းမဲ့ပုံဘဲ။ သားအကြိုက်တွေကြီးဘဲ”

“ဟုတ်လား။ ဦးဦးကြွေးမယ်လေ”

“ဟုတ်တယ်။ ငါညစာကောင်းကောင်းမစားရတာကြာပြီ။ အပြင်ထွက်စားနေရတာ။”

“မိန်းမသေသွားတဲ့အချိန်ကစပြီးလား”

“ငါ့မှာ မိန်းမမရှိပါဘူး။ နောက်မှရှင့်ပြမယ်”

Jimin ကလေးကိုခွံ့ကြွေးလိုက်တကယ်။ Jimin ကြွေးမှ အဲ့ကလေးကစားတာလေ။ ညစာစားပြီးတော့ မိုးချုပ်ပြီဆိုတော့ Jimin ကလေးကိုအိပ်ခန်းထဲထည့်ပေးလိုက်ပြီး သူ့အခန်းသူပြန်လာအိပ်တယ်။ ည ၁၂ နာရီလောက်ကြတော့ ကလေးကတံခါးလာခေါက်တယ်။ သူပုံကြည့်ရတာပြေးလာတယ်နဲ့တူတယ်။

“သားသားဘာဖြစ်တာလဲ”

“papa ကိုယ်တွေလဲပူနေတယ်။ ပြီးတော့ ငြီးနေတယ်။ ဖျားနေတာလားမသိဘူး”

“ဦးလိုက်ခဲ့မယ်။”

Jimin Taehyung အခန်းထဲကို စိတ်ပူပြီးမြန်မြန်ရောက်လာတယ်။ Taehyung ရဲ့နှဖူးကိုစမ်းကြည့်တော့ ပူလိုက်တာဆိုတာ မီးကြီးခဲကြီးအတိုင်းဘဲ။ မလုပ်တက်လုပ်တက်နဲ့ သိသလောက် ပန်းကန်ထဲကို ရေထည့်ပြီး အဝတ်နဲ့နဖူးကိုအုပ်ပေးလိုက်တယ်။ ချွေးတွေကလည်းအရမ်းထွက်နေတယ်။

“ဘာဖြစ်တာလဲ ညနေကြဖြင့်အကောင်းကြီးရှိသေးတာကို”

“ငါ့ဗီရိုထဲမှာ….ဆေးရှိတယ်”

“ဘာဆေးလဲ”

“အဖျားပျောက်ဆေး”

Taehyung ပြောတဲ့ဗီရိုထဲကို အဖျားပျောက်ဆေးသွားယူတယ်။ အဖျားပျောက်ဆေးရှာနေရင်းနဲ့ ဓာတ်ပုံတစ်ပုံထွက်ကြလာတယ်။ ဓာတ်ပုံကို ဘောင်းဘီအိပ်ထဲထည့်လိုက်ပြီး ဆေးကို Taehyung ကိုတိုက်လိုက်တယ်။

“သက်သာလာမှာပါ။ မိုးချုပ်နေပြီဆိုတော့ ကျွန်တော်လည်းအခန်းလိုက်ပါအုံးမယ်။ သားသား papa ကိုဂရုစိုက်ပေးနော်”

“မင်းဒီညငါနဲ့နေပေးလို့မရဘူးလား။”

“မရဘူးလေ။ ကျွန်တော်ကကလေးထိန်းဖို့လေ။ လူကြီးထိန်းဖို့မှမဟုတ်တာ”

Your Choice [Uni/Zaw]Où les histoires vivent. Découvrez maintenant