🐯🤏part 15 🤏🐤

652 66 0
                                    

[unicode]

“မင်းက second years နော်။ ကျူရှင်တွေဘာတွေမတက်ဘူးလား။”

“ကျောင်းကအမကြီးတွေကတော့ သင်ပေးမယ်ပြောပါတယ်။ ကျွန်တော်က မသင်တာ”

“ငါသင်ပေးရမလား”

“ဗျာ”

“တကယ်ပြောတာ။ အလကားသင်ပေးမယ်။ အခုသလော ငါဆေးရုံတွေ ဆေးခန်းတွေမသွားဖြစ်သေးဘူး။ အဲ့တာကြောင့်မင်းကိုသင်ပေးမယ်။ ဒီနေ့ညနေကြရင် မင်းငါ့အခန်းကိုလာခဲ့ ငါသင်ပေးမယ်”

“ကျေးဇူးပါနော်”

Jin ကတော့ဘာရယ်မဟုတ်ဘူး။ ညီလေးတစ်ယောက်လိုချစ်လို့ သင်ပေးမယ်ပြောတာ။ Jungkook ကတော့ အရမ်းတွေပျော်နေပြီလေ။ Jin ကသူ့အိပ်ခန်းထဲကိုပြန်ဝင်သွားတယ်။ Jungkook ကတော့ စားပွဲလေးမှာပဲထိုင်နေတုန်းဘဲ။ သူ့အကို Jimin နောက်ကနေ အသိမပေးဘဲရောက်လာတယ်။

“အုန်းသီးကောင်။ ဘာတွေစိတ်ကူးယာဉ်နေတာလဲ”

“ဗျာ မဟုတ်ပါဘူး။ စာ..စာ..လုပ်တော့…မလို့”

“အော်ဟုတ်လား။ ငါမင်းကိုဘာခိုင်းထားလဲ”

“ဘာခိုင်းထားတာလဲ”

“ငါမင်းကို ကလေးထိန်းခိုင်းထားတယ်လေ။”

“အော်ဟုတ်သားဘဲ။ ဒါနဲ့ Hyung ကဘယ်လဲ”

“ငါ့ကောင်မလေးနဲ့သွားတွေ့မလို့”

“သူကြတော့ ကောင်မလေးနဲ့သွားတွေ့မလို့တဲ့ ငါ့ကြတော့ကလေးထိန်းတဲ့ မတရားဘူး”

“ဘာပြောလိုက်တယ်။ ငါမကြားလိုက်လို့”

“ဘာမှမဟုတ်ပါဘူး။ အေးဆေးသွားလို့”

Jimin ကလေးကို Jungkook နဲ့ထားခဲ့ပြီး သူ့ကောင်မလေးနဲ့ဒီနေ့ချိန်းထားတာကို သွားခဲ့တယ်။ ဟိုရောက်တော့နဲနဲနောက်ကျတော့ သူ့ကောင်မလေးက စိတ်ကောက်ပြီလေ။

“ချစ်ကိုယ်နဲနဲနောက်ကျသွားတယ်”

“ဟုတ်လား။ နဲနဲပဲလား။ ၁ နာရီလောက်ပဲနောက်ကျတာနော်”

“ချစ်ကလည်းကိုယ်ကကလေးထိန်းနေရသေးတယ်လေ”

“မသိဘူး။ စိတ်ဆိုးတယ်။ ဘာမှန်းလဲမသိဘူး။ အခုတလော ချစ်ဆီလဲဖုန်းမဆက်ဘူး။ စကားလဲ မပြောဘူး။ အေးတိအေးစက်နဲ့ ဘာဖြစ်နေတာလဲ။ နောက်တစ်ယောက်ရသွားလို့လား”

Your Choice [Uni/Zaw]Donde viven las historias. Descúbrelo ahora