part 5

982 101 1
                                    

Unicode

“Hyung ဒီဓာတ်ပုံကြီးကဖောင်းနေတာဘဲ။ အနောက်မှာဓာတ်ပုံတွေရှိသေးတယ်နဲ့တူတယ်။”

Jungkook အဲ့ဒီဓာတ်ပုံတွေထဲက နောက်ထပ်ဓာတ်ပုံတွေအများကြီးတွေ့သွားတယ်။ ပုံတွေကစာတွေ နဲ့လေ။ သူတို့တွေစာတွေကို သေသေချာချာဖတ်ကြည့်ကြတယ်။

“ဒါဆို ဟိုမျောက်က Taehyung ကလေးမဟုတ်ဘူးပေါ့။”

“ရှုပ်လိုက်တာနော်။ ဘယ်လိုတွေတောင်လား”

“ဘယ်လိုတွေတောင်လဲ။”

Jimin ကလေးကို ဆေးခန်းပြရမှာမို့လို့ ပြင်ဆင်စရာရှိတာပြင်ဆင်နေတယ်။ Jungkook လဲလိုက် ရမှာလေ။ Taehyung ကကားပေါ်ကစောင့်နေတယ်။

“ဘာလို့ဦး Jungkook ကလိုက်တာလဲ။ ကျောင်းတက်ရမှာမဟုတ်ဘူးလား”

“သားသားကို Surprise လုပ်စရာရှိလို့။”

“အအေးတိုက်မို့လား”

“Surprise ဆိုတာအအေးမဟုတ်ဘူး။ လူတစ်ယောက်ကိုအံဩအောင်လုပ်တာ။ ပျော်ရွှင်သွားအောင် လုပ်တာ”

“အော် အဲ့လိုလား။”

“သားအဲ့ဒီ Surprise ဆိုတာကိုသိချင်ရင် သွားဆေးခန်းရောက်ရင် မငိုရဘူးနော်။ ငိုရင် Surprise မလုပ်ပေးတော့ဘူး”

“သားသားမငိုအောင်လုပ်ပါ့မယ်။ ဒါပေမဲ့ အဲ့ဒီဆရာဝန်ကြီးက ရုပ်ဆိုးတယ်။”

“ရုပ်ဆိုးလဲဘာဖြစ်သေးလဲ။ ဆရာဝန်ဘဲကို”

ဖြစ်ချင်တော့ သွားဆေးခန်းကပိတ်ထားတယ်။ ဆရာဝန်နေမကောင်းလို့လေ။ ကလေးကိုလဲ ဒီနေ့ ဆေးခန်းပြရမှာ။

“ဘယ်ဆေးခန်းရှိသေးလဲ။ မင်းတို့အသိထဲမှာ”

“ကျွန်တော်သွားကိုက်တုန်းကပြတဲ့ဆေးခန်းတော့ရှိတယ်။ ဒီနားလေးမှာဘဲ။ ရှေ့တစ်ပြလောက်မှာ ဖွင့်လောက်တယ်။”

“အသက်ကြီးလား”

“ဆေးခန်းကဆရာဝန်နှစ်ယောက်ထိုင်တာလေ။ တစ်ယောက်က အသက်ကြီးပြီ။ တစ်ယောက်က ၂၇ လောက်တော့ရှိပြီ။”

Jungkook ပြောတဲ့ဆေးခန်းကိုဘဲ Taehyung သွားလိုက်တယ်။ ဆေးခန်းမှာက လူရှင်းနေတယ်လေ။ သူတို့ဘဲရှိတယ်။ အေးဆေးကုလို့ရတယ်။

Zawgyi





















Your Choice [Uni/Zaw]Where stories live. Discover now