😜💜part 12 💜😜

752 67 0
                                    

Unicode

“Hyung ဘယ်လိုဖြစ်လာတာလဲ။ ကျွန်တော်စိတ်ပူလွန်းလို့သေတော့မယ်”

“ငါကိုဆေးအရင်ထည့်ပေးလေ။ ပြီးမှပြောပြမယ်”

Taehyung Yoongi ခေါင်းကဒဏ်ရာတွေကိုကို အရင်ဆေးထည့်ပြီး ပတ်တီးစီးပေးလိုက်တယ်။ အဝတ်ဆိုတွေကိုလဲပေးလိုက်ပြီး သူသိချင်နေတာကိုမေးတော့တယ်။

“ပြောပြတော့ ဘယ်လိုဖြစ်တာလဲ”

“ငါ Club မှာပြဿနာတက်လာတာ။ ငါအရက်မူးပြီး သူတို့ညမရဲ့ ရင်သားကိုသွားကိုင်လိုက်မိတယ်။ အဲ့တော့ သူတို့ကသူ့ညမကိုအသားယူပါတယ်ဆိုပြီး ငါ့ကိုလိုက်ရိုက်တော့တာဘဲ”

“hyung က Boxing ထိုးတက်တယ်လေ။ ပြန်မလုပ်ဖူးလား”

“ငါကမူးနေတာလေ။ ဘယ်လိုလုပ်ပြန်ချနိုင်မှာလဲ။ papa ပြန်ရောက်ပြီလား။”

“မရောက်သေးဘူး။ ဒါဆို ကောင်းတယ်။ ငါ့ကိုအခန်းထဲလိုက်ပို့ပြီးရင် ကြမ်းပြင်ကိုရေနဲ့ သေချာတိုက် အစအနမချန်ခဲ့နဲ့နော်။”

Yoongi ပြောသလိုသူ့ကိုအခန်းထဲအရင်ပို့ပြီး ကြမ်းပြင်မှာရှိတဲ့သွေးအချို့နဲ့ ရေတွေကို သေချာပြောင် အောင်တိုက်တယ်။ အကုန်သိမ်းပြီးတော့ Taehyung မအိပ်သေးဘဲ ကျန်တဲ့ အကိုနှစ်ယောက်ကို ထပ်စောင့်ရတယ်။

“hyung တို့ကလည်းဘယ်တော့မှ လာမှာလဲ။ မိုးအရမ်းချုပ်နေပြီ။ ဆေးကျောင်း အောင်စာရင်းသွား ကြည့်တဲ့ Jin hyung ကလည်းပြန်မလာသေးဘူး။ Namjoon Hyung ကလည်းဘယ်တွေလျှောက်သွား နေတာလဲ။ papa ပြန်လာရင် အကုန်ဒုက္ခရောက်ကုန်တော့မှာဘဲ။”

မကြာခင်မှာဘဲ Jin နဲ့ Namjoon ပြန်ရောက်လာတယ်။

“ဘယ်လိုလဲ Jin hyung စာမေးပွဲအခြေအနေ”

“ကျတယ်။”

“ဘာမှမဖြစ်ပါဘူး။ hyung ကြိုးစားခဲ့တာဘဲ နောက်ဆုံးနှစ်ဘဲကျတာပါ။ ၁ နှစ်ပြန်တက်ရင်ရပါတယ်။ စာကျေတာပေါ့”

“Taehyung မင်းဘယ်လိုပြောလိုက်တာလဲ။ ရပါတယ်တဲ့လား။ မင်းကရပင်မဲ့ papa ကမရဘူးလေ။ ငါ့ကိုသတ်မှာပေါ့။ သူကငါ့ကိုဆရာဝန်ဖြစ်စေချင်နေတာလေ။”

“ဘာမှမဖြစ်ပါဘူး။ မငိုပါနဲ့ ကျွန်တော်ပြောပေးပါ့မယ်။ ဘာလို့ကျရတာလဲဟင်။ hyung က ဂုဏ်ထူးတွေအများကြီးနဲ့အောင်တာကို စာလဲအရမ်းတော်တယ်။ ဘာလို့နောက်ဆုံးနှစ်မှာမှ ကျရတာ လဲဟင်”

Your Choice [Uni/Zaw]Tempat cerita menjadi hidup. Temukan sekarang