Part 8

816 87 0
                                    

Unicode

“အော်ဒါနဲ့ Hyung ဆေးခန်းကိုထားခဲ့ပြီး ကျွန်တော်တို့အခုသွားမဲ့နေရာကို ဟိုနှစ်ယောက်ပါခေါ်ပြီး သွားမယ်”

“ဘယ်လဲ”

“ဒီနေ့က သားလေးမွေးနေ့လေ မေ့သွားပြီလား။ ကလေးအဖေ”

“ဟုတ်သားဘဲ ဒီနေ့ကသားလေးမွေးတဲ့န့ပဲ။ ငါလိုက်ခဲ့မယ်”

ကလေးကိုလုပ်စရာရှိတာတွေလုပ်ပေးပြီးတော့ သူ့အကို နှစ်ယောက်ရှိတဲ့အိမ်ကိုဝင်ခေါ်တယ်။

“Hyung”

“Taehyung မင်းငါတို့ဆီလာတာလား”

“Hyung တို့ကကျွန်တော့်ကိုပစ်ထားကြတာလေ။ ကျွန်တော့်တစ်ယောက်ထဲ ကလေးတစ်ယောက်နဲ့ ထားခဲ့တာ။”

“မဟုတ်ပါဘူးကွာ။ မင်းလဲသိသားနဲ့ ငါတို့ကို ဘယ်သူကနှင်ထုတ်ထားတာလဲဆိုတာ။”

“papa စိတ်ဆိုးပြေလောက်ပါပြီ။ ပြန်လာပါတော့နော်။ အခုလာခေါ်တာကလေ Hyung တို့ရဲ့တူလေး မွေးနေ့မို့လာခေါ်တာ။ ပြီးရင် ကျွန်တော့်အိမ်မှာဘဲလာနေပြန်နေပါနော်။ ငါတို့လိုက်ခဲ့မယ်။ သားသားလေးရဲ့မွေးနေ့လား”

Taehyung သူစီစဉ်ထားတဲ့နေရာကို အကုန်လုံးကိုခေါ်သွားတယ်။ ပန်းခြံတစ်ခုက မြက်ခင်းပြင်ပေါ်ကို ရောက်တော့ ကလေးကိုပုဝါလေးနဲ့ မျက်လုံးကိုအုပ်ထားပြီး ဖြေးဖြေးချင်းခေါ်လာတယ်။

“ဘာလို့သားသားကို ပုဝါနဲ့အုပ်တာလဲ။ သားသားမမြင်ရတော့ဘူး”

“ရပါပြီ။ သားသားအံ့ဩသွားစေမဲ့အရာနှစ်ခုအရှေ့မှာ ရှိတယ်။ ကြည့်လို့ရပြီ”

ကလေးလည်းမျက်လုံးဖွင့်ကြည့်လိုက်တော့ သူအကြိုက်ဆုံး Hero ဖြစ်တဲ့ Huck အရုပ်အကြီးကြီးနဲ့ အတူတူ ဘေးနားက သူအရမ်းချစ်တဲ့ သူ့ရဲ့ဦးဦး Taehyung ရဲ့သူငယ်ချင်း Hoseok ရှိနေတယ်။ ကလေးကဝမ်းသာပြီး Hoseok ကိုပြေးဖတ်လိုက်တယ်။

“ဦးဦး Hoseok သားကိုခွဲသွားတယ်။ ဦးဦးကိုမုန်းတယ်”

“မမုန်းလိုက်ပါနဲ့ဗျာ။ သားသားဆီကိုပြန်လာပြီပဲ”

“ပြန်ထွက်သွားအုံးမှာမဟုတ်လား။ ဦးကကောင်းကင်ကြီးပေါ်ကိုပြန်တက်သွားအုံးမှာ”

Your Choice [Uni/Zaw]Donde viven las historias. Descúbrelo ahora