•• 15↬

1.6K 213 45
                                    

unicode -
" ဝါး ကိုကို "
မီးဖို၌ပြင်ဆင်ချက်ပြုတ်ရင်း လက်မအား
နိုင်သေးသော တူနှိုင်းမဲ့ချစ်ရသူအားနောက်မှ
သိုင်းဖက်ကာ ခေတ္တအံ့ဩစေသည်။ မျက်ရည်
များကဝိုင်းဖွဲ့လျက်....

" အိမ်လည်းပြန်မလာဘူး ဖုန်းဆက်တော့လည်း
မကိုင်ဘူး စိတ်ပူနေတာလေ မင်ရဲ့ ဘယ်အချိန်က
ပြန်ရောက်တာတုန်း "
ရဲတွတ်နေသော မက်မွန်သီးပါးဖောင်းလေးအား
နစ်နေအောင်နမ်းရှိုက်ကာ မျက်နှာချင်းဆိုင်အနေအထား
ဖြင့်ကလေးပမာ ချော့မြူတော့သည်။

" စားကြသောက်ကြရင်းနဲ့ နောက်ကျသွားတော့
ဟိုမှာပဲအိပ်လိုက်ကြတာ ဖုန်းကအားကုန်သွားလို့ "

" မနက်စာစားမယ်မဟုတ်လား မင် "
အကောင်ပေါက်လေးမှာ ပြန်မဖြေပဲခေါင်းသာတွင်တွင်
ငြှိမ့်သည်။ အပြုံးချိုလေးများမှာ ရင်တွင်းမှမုန်းတိုင်းတို့ကို
အလုအယက်ဖုံးကွယ်ပေးရရှာသည်။

ထုံးစံမပျက် ကြိုခပ်နှင့်ထားပြီးသား မင့်အတွက်
ဟင်းရည်ခွက်ကအသင့်ပင်။ ကိုကိုကတော့
စားခါနီးမှခပ်စားတတ်သည်ကလည်း မထူးဆန်းတော့။
ဟုတ်သည် ယခုထိတိုင်လည်းမထူးဆန်းတော့ပါ။
ကိုယ့်အဆိပ်ကိုပြန်စားလောက်တဲ့အထိ ရူးမိုက်တဲ့
စောက်ရူးဒီကမ္ဘာမှာရှိပါ့မလား.....*

" ကို အရသာကတစ်မျိုးပဲ "

" ဘယ်လိုဖြစ်လို့လဲ "

" မပြောတတ်ဘူးရယ် ရော့တစ်ဇွန်းလောက်စားကြည့် "

ဟင်းရည်အနည်းငယ်ကိုခပ်ကာ ရန်သူ့ပါးစပ်၀
ဆီသို့တေ့ပေးသည်။ တစ်ဖက်သူဆီမှ ခေတ္တ
ရပ်တန့်သွားသည်ကိုလည်းအကဲခတ်မိသည်။

* ဘာလဲ ကို? အဆိပ်ခွက်ပေါင်းများစွာကိုအပြုံးမပျက်
တိုက်ခဲ့ပြီး ကိုယ့်အလှည့်ကျလာနွဲ့နေတာလား အဟက် *

" ထားလိုက်ပါ မင် ခံတွင်းမတွေ့ဘူးဆိုရင်
ကို တခြားဟာလုပ်ပေးမယ်လေ "

" ဟာမဟုတ်တာ ကို သေချာလုပ်ထားတာလေးပဲ
စားချင်တာပါဆို လုပ်ပါ တစ်ဇွန်းလောက်စားကြည့်ပြီး
လိုတာလေးထည့်ရုံပဲလေ နော် "
တေ့ထားသောဇွန်းကို ချခြင်းမရှိအတင်းပြောတော့သည်။

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now