•• 18↬

1.1K 173 19
                                    

unicode -

warning⚠️ : Rude Words, Sexual Abuse !

" ဟေး! ပါတီလာပြီး ငိုင်နေတာရိုင်းရာမကျဘူးလား "

counter ကိုတစောင်းမှီကာ ဝိုင်ခွက်ဖြင့်ထိုသူမှာ
Jimin ကိုငေးစိုက်ကာကြည့်နေသည်။ Jimin ဘာမှ
ဆက်မပြောချင်။ နာကျင်မှုတို့ဖြင့်ပြည့်နှက်နေသည့်
ကမ္ဘာအတွက်လူမှုရေးကိုတော့ချွင်းချက်ရသင့်သည်
မဟုတ်လား။

" တစ်ယောက်တည်းလာတာလား "

ထိုသူမှာကျွန်တော့်အနားသို့ ကပ်ထိုင်လာ၍
ဆက်မေးနေသည်။ ဘာကိုမှဂရုမပေးချင်သည့်
အတွက်ဝိုင်အနည်းငယ်ကိုသာဆက်အရသာ
ခံနေမိတော့သည်။

" ဟာ.. sorry မှောက်ချမိကုန်ပြီ "

မတော်တဆဖြစ်ဟန်မပါသော ဝိုင်ခွက်မှာလက်ဖြင့်
တိုက်ချခံရခြင်းကြောင့် Jimin အိင်္ကျီပေါ် မှောက်ကျ
စွန်းထင်ကုန်တော့သည်။ ထိုအခါမှ Jimin တိတ်ဆိတ်
နေရာမှစတင်လှုပ်ရှားလာမိသည်။ ထိုသူမှာလည်း
တောင်းပန်စကားကိုထပ်ခါထပ်ခါဆိုလျက် သူ့အိတ်တွင်း
မှလက်ကိုင်ပုဝါနှင့်အသာသုတ်ဖယ်ပေးလာသည်။

" Park Jimin! "

မလှမ်းမကမ်းမှခေါ်သံကြောင့် Jimin အနည်းငယ်
လန့်သွားရသည်။ ခေါ်သံ၏ပိုင်ရှင်မှာ ခြေလှမ်းကျယ်
များဖြင့် bar counter အနားသို့ရောက်လာခဲ့သည်။

" ဘာလုပ်နေတာလဲ မင် "

" ကျွန်တော်ဝိုင်တွေသူ့အပေါ် မှောက်ချလိုက်မိလို့
ပြန်သန့်ရှင်းပေးနေတာပါ "
ယခုထိလက်ကိုင်ပုဝါနှင့်အလုပ်ရှုပ်နေသူက
Yoongi ဆီသို့ခေတ္တမော့ကာအဖြေပေးရှာသည်။

" ဝိုင်ကရင်ဘက်ပေါ်ပဲမှောက်တာမို့လို့လား
လက်တွေကရင်ဘက်ပေါ်ကဖယ်ပါဦး "

" မင်း! "
ခပ်သဲ့သဲ့ပြောနေသည့် Yoongi ဆီလှည့်၍ဟန့်တား
ရသူမှာ Jimin ပင်။ ဒေါသကြောင့်လေသံမာသွား
သဖြင့်အနားရှိလူများပါ သူတို့သုံးဦးထံအကဲခပ်ကြည့်ရှု
လာကြသည်။ Yoongi ၏မိတ်ဆွေဆိုသူပင် သူတို့အနား
သို့ရောက်လာခဲ့သည်။

" ဘာ‌ပတ်သတ်မှုမို့လို့ အဲ့လောက်နာနေရတာလဲ
ငါပြောတာမှားလို့လား "

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now