•• 10↬

1.7K 239 53
                                    

unicode ~

" မင်းကိုသဘောကျနေတဲ့သူ "

မှောင်ရိပ်ကျနေသော အခန်းငယ်လေးမှာ
မီးအလင်းရောင်ဖြင့် ပြန်လည်စိုပြေလာပြီး
ဘေးပတ်ပတ်လည်မှ အလှဆင်ထားသော
ပန်းခတ်ပန်းနွယ်လေးတို့မှာလည်း ချစ်ခြင်း
သက်သေတစ်ခုလိုပင်။

ရှေ့မောက်မှာတော့ လက်စွပ်ဗူးကိုကိုင်ရင်း
Jimin ဆီလျှောက်လှမ်းလာသော ထိုလူသား။
စကားတစ်ခွန်းမျှမပြောရသေးရုံဖြင့်
Yoongi ရင်ခွင်ထဲသို့ပြေး၀င်လိုက်သည်။
( ရှင်ကလည်း ဇွတ် :'B )

" ကိုယ်ဘာပြောရသေးလို့လဲ "

Yoongi ခပ်ပြုံးပြုံးဖြင့်နောက်တော့
Jimin နှုတ်ခမ်းဆူကာ

" မ‌ပြောလည်းနေတော့ "

ပုပုတိုတိုလေးနှင့်အအေးဒဏ်ကြောင့်ရဲနီ
နေသော လက်သန်းကြွယ်ဖြူလေးကို လက်စွပ်
လေးတစ်ကွင်း နေရာယူလာသည်။
‌မျက်ရည်အဝိုင်းသားဖြင့်ကြည့်နေသော
အကောင်ပေါက်လေးကို ငုံ့နမ်းရင်း
အချိန်ကြာသည်အထိ ထွေးဖက်ထားလိုက်သည်။

" ချစ်တယ် "

ထို့နောက်နှစ်ယောက်သား ပြုံးရွှင်စွာ
အိပ်ခန်းသို့ပြန်ခဲ့ကြသည်။

" အဲ့ဘက်မှာမအိပ်နဲ့ "
Yoongi မျက်စောင်းထိုးကာ
သူ့ကုတင်ကိုလက်ဖြင့်ပုတ်၍အချက်
ပြတော့ ကြက်ပေါက်လေးမှာလည်း
နှစ်ခါ မခေါ်ရပဲသွားလေပြီ။

ညဉ့်ဦးယံ ဒီရေတက်ချိန်ဖြစ်၍
လှိုင်းခတ်သံတို့မှာလည်း ညအချိန်၏
ကိုတိုက်ဖျက်ထားသည်။

လက်သေးသေးလေးများကို
ဆုပ်ကိုင်ကာ

" မင်းက ကိုယ့်အပိုင်ဖြစ်သွားပြီ "
ဟုပြော၍ နှဖူးပြင်သို့ နှုတ်ဆက်အနမ်း
လေးခြွေလိုက်သည်။ အကောင်ပေါက်
လေးမှာ မျက်တောင်များစဉ်းလျက်
အိပ်ပျော်သွားလေပြီ။

" မင်းကကိုယ့်အပိုင် ငါစေရာနေ
ငါစေရာသွား ငါ့ကိုလွန်ဆန်ခွင့်မရှိတဲ့
ငါ့အပိုင်ပဲ Park Jimin .. အ‌ တော့လည်း
ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲပေါ့ကွာ"

ပြောင်းလဲသွားသော မျက်၀န်းရိုင်းများဖြင့်
ကြည့်ရင်း နှစ်ပေါင်းများစွာသိမ်းဆည်း
ထားသောအမုန်းတရားများကို ဖွင့်ဟရန်
အဆင်သင့်ပြင်လို့ထားလိုက်လေသည်။

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now