unicode -
နေ့သစ်တစ်ရက်ကို ဆီးကြိုသော
အလှတရားများထဲတွင် စားပွဲပေါ်မှ
ကော်ဖီခွက်လေးမှာတော့မပါ၍မဖြစ်။
ကော်ဖီနံ့သင်းသင်းကြောင့် အိပ်ယာမှ
ထလာရင်း မနက်စာအတွက်အလုပ်ရှုပ်
နေသောချစ်ရသူ၏နောက်ကျောကို
အချိန်အတော်ကြာထိငေးနေမိပြန်သည်။
နှစ်သက်သဘောကျသည်ထက်ပိုသော
မြတ်နိုးခြင်း....။ယနေ့နှင့်ဆိုလျှင် ယခုအိမ်တွင်တူတူနေထိုင်
နေသည်မှာ တစ်လပြည့်ပြီဖြစ်သည်။
ခေါင်းဒဏ်ရာလည်း အတိုင်းတာတစ်ခုအထိ
သက်သာလာပြီဖြစ်၍ ရက်ရွေးကာအိမ်ပြန်
ဖို့ရန်အတွက် စဉ်းစားမိသည်။အနောက်၌ Jimin ရှိနေသည်ကိုပင်
သတိမပြုနိုင်အောင် အလုပ်ရှုပ်နေသော
ပင်တိုင်စားဖိုမှူးလေးအား
နောက်မှသိုင်းဖက်လိုက်ရာ" Good Morning မင် "
ဟူသော နံနက်ခင်းနှုတ်ဆက်စကားလေး
ကြောင့် မျက်၀န်းအိမ်လေးများစေ့ပိတ်
သွားသည်အထိ ပြုံးရယ်ရပြန်သည်။
သိုင်းဖက်ထားလျက်ပင် ပုခုံးကျဉ်းလေး
ပေါ်သို့ခေါင်းတင်ကာအချိန်အတော်ကြာ
သည်အထိ ကြည်နူးနေလေ၏။" မင် ဒီနေ့အိမ်ပြန်တော့မယ် "
စားပွဲပေါ်သို့ ပန်းကန်များစီချနေသည့်
လက်များရပ်ကာရှေ့ရှိကောင်လေးကို
မျက်လုံးပင့်ကြည့်လိုက်ရင်း" ဒီမှာနေရတာ စိတ်တိုင်းမကျလို့လား "
" မဟုတ်ပါဘူး ကိုရဲ့
အိမ်ရှိနေတာကို အိမ်မှာမနေလို့
ဘယ်ဖြစ်မလဲ "yoongi ဘေးသို့၀င်ထိုင်ရင်း အရိပ်ကဲကြည့်ကာ
နားချရန်ပြင်ရလေပြီ။" ကိုယ်ကတော့ မင့်ကိုစိတ်မချဘူးကွာ
ဒီမှာပဲအပြီးနေလို့မရဘူးလား ဟိုအိမ်ကို
ငှားတာဖြစ်ဖြစ် ရောင်းတာဖြစ်ဖြစ်လုပ်လိုက်ပေါ့ "" ဟာ... ကိုကလဲ
ကိုနဲ့ကရုံးမှာလည်းတွေ့နေရတာပဲ
ကို့ကိုလည်း ၀န်ထုပ်၀န်ပိုးမဖြစ်စေ
ချင်လို့ပါ နော် နော် "yoongi ဘာမှဆက်မပြောနိုင်မှန်း
သိ၍ ကော်ဖီကိုသာမော့သောက်
လိုက်သည်။ မနက်စာထမင်းဝိုင်းလေး
မှာလည်း စားသောက်ပြီးသည်အထိ
တိတ်ဆိတ်သွားလေပြန်သည်။
YOU ARE READING
ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓
Fanfiction" မင်းကို မမုန်းနိုင်လောက်တဲ့အထိ ချစ်တယ် မင် " " မင်းကို မမုန်းနိုင်လောက်တဲ့အထိ ချစ်တယ် မင် " unicode & zawgyi available ✨ • 𝟐𝟕𝐭𝐡 𝐌𝐚𝐲, 𝟐𝟎𝟐𝟎