unicode -
" ရှာတွေ့လား "
" အခုထိမတွေ့ဘူး sir. ရေစီးသန်တော့မရှိ
လောက်တော့ဘူးထင်တယ် "ဖုန်းထဲမှ K ၏ဖြေသံကို ငြိမ်သက်စွာနားထောင်
နေမိသည်။ အခန်းကျဉ်းထက် ပြည့်နှက်နေသည့်
ဂန္ဓမာဖြူတို့ကြား၌ အပြုံးချိုချိုနှင့် ကောင်လေးမှာ
ငြိမ်းချမ်းခြင်းများဖြင့်။ ထာဝရ ငြိမ်းခြမ်းခြင်းများဖြင့်။" ငါခွင့်မပြုပဲ ဘာလို့ထွက်သွားရတာလဲ!! "
နစ်နာသူတို့ကလည်း မရှိတော့သလို တရားခံကလည်း
လွတ်မြောက်သွားခဲ့ပြီ။ တရားလိုသာအရူးမီးဝိုင်း
ပူလောင်နေရသော လောကတရားခွင်သာပင်...။" မင်းကိုငါလုံးဝခွင့်မလွှတ်ဘူး Park Jimin "
ဂန္ဓမာတွေစီရီထားရာကို မီးခြစ်လွှတ်ချလိုက်သည့်အခါ
လောင်ကျွမ်းကုန်သည့် ဖြူစင်ခြင်းတို့မှာပြာအဖြစ်သို့။
ဓာတ်ပုံဘောင်တွင်းမှ အပြုံးတို့မှာလည်းပျက်စီးခြင်း
ဆီသို့။ နှစ်ပေါင်းများစွာသိမ်းစည်းလာသည့်မှတ်တမ်း
များနှင့် အမှတ်တရပုံရိပ်တို့မှာလည်းတရိပ်ရိပ်လောင်ကျွမ်း
ကုန်လေပြီ။ နှလုံးသားတစ်စုံမှာတော့ ခံစားချက်မဲ့ကျန်ရစ်လျက်။" ငါမင်းကိုမုန်းတယ် ၊ ငါမင်းကိုအဆုံးထိမုန်းတယ် "
• ♡ •
- စာရေးဆရာ Min Yoongi စာပေလောက
ထဲမှ ထွက်ခွာတော့မည် -ကျောဘက်၌တရားဝင်ချိတ်ဆွဲထားသောခေါင်းစဉ်
ကိုသတင်းထောက်များက မှတ်တမ်းတင်ရိုက်ကူး
နေကြသည်။ အောင်မြင်မှုတွေကိုစွန့်လွှတ်မည့်သူ
တစ်ဦးအတွက် မျက်ရည်တစ်စက်မှရှိမနေခဲ့။" ပြီးခဲ့တဲ့ဝတ္ထုရဲ့အဆုံးသတ်ကရှိမနေခဲ့တဲ့အပေါ်
ဘယ်လိုဖြေရှင်းချက်ပေးချင်ပါသလဲ စာဖတ်သူတွေက
လည်းဒါကိုစိတ်ဝင်စားနေကြပါတယ် "" အဲ့ထဲကခွေးက သေသွားပါပြီ ဒီလောက်ပါပဲ "
ခပ်ပြတ်ပြတ်အဖြေစကားကြောင့် သတင်းထောက်
လူအုပ်မှာခေတ္တငြိမ်ကျသွားပြန်သည်။ အဖြေဟာ
မမှား။ သူတကယ်သေသွားပြီ...။
YOU ARE READING
ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓
Fanfiction" မင်းကို မမုန်းနိုင်လောက်တဲ့အထိ ချစ်တယ် မင် " " မင်းကို မမုန်းနိုင်လောက်တဲ့အထိ ချစ်တယ် မင် " unicode & zawgyi available ✨ • 𝟐𝟕𝐭𝐡 𝐌𝐚𝐲, 𝟐𝟎𝟐𝟎