•• 17↬

1.1K 185 22
                                    

unicode -

" ထတော့ ‌ဟေ့ရောင် "
ရင်ဘက်ဆီ လာတောက်သောဖိနပ်ထိပ်ကြောင့်
အလန့်တကြားလန့်နိုးလာရသည်။ တစ်ညတာ
အုပ်စည်းခံထားရသောအမြင်အာရုံတို့မှာ
ပြတင်းမှဝင်လာသော အလင်းကြောင့်ရုတ်တရက်
ကိုက်ခဲသွားရပြန်သည်။ ညှင်သာခြင်းမရှိပဲ
ကြိုးများကိုဖြေလျော့ပေးနေသည့် သူ့ကိုအသာ
ကြည့်ကာအကဲခတ်ရပြန်သေးသည်။

" မနက်စာပြင်ပေး ပြီးရင်အဝတ်လျှော်စရာ
ရှိတာလျှော် အိမ်သန့်ရှင်းရေးလုပ် မင်းခါတိုင်း
လုပ်နေကျတွေပဲ ဘာမှထူးမနေဘူး "

" အရင်ကခင်ဗျားကိုစောက်ရူးထပြီးချစ်ခဲ့လို့
လုပ်ပေးတာလေ အခု‌လုပ်ပေးစရာ
ဘာအကြောင်းရှိလို့လဲ "

" ဖြန်း "
ဘေးစောင်းငိုက်ကျသွားသည့် မျက်နှာပြင်မှာ
သွေးစအနည်းငယ်ထပ်မံ ထင်ပေါ်လာရပြန်သည်။

" စောက်စကားမများရင်ကောင်းမယ် မင်ရယ် "

ထပ်၍အရိုက်ခံရလျှင် သေဖို့သာရှိတော့သဖြင့်
သူခိုင်းသည့်အတိုင်း မနက်စာထပြင်ပေးရ‌သည်။
မည်သို့ပင်မာကြောဟန်ဆောင်ပါစေ မျက်ရည်တို့
မှာထိန်းချုပ်မရအောင်ကျဆင်းလာတော့သည်။
ဟိုးအရင်ကလည်း မပြောင်းလဲသော အရှုံးသမား
သာသာဘဝပင်...။

" ဟင်းရည်ကလည်း ဘာအရသာမှမရှိဘူး "
တောက် တစ်ချက်ခေါက်ကာစားပွဲပေါ်
စောင့်ချလာသည့် ဇွန်းကြောင့် Jimin အနည်းငယ်
တုန်သွားရသည်။

" အရင်နေ့တွေကလိုပဲချက်ထားတာ ဘာမှ
မပြောင်းလဲဘူး "
မည်သို့သောထိတ်လန့်မှုနှင့်တွေ့နေရပါစေ
လူ့စိတ်၊ လူ့မာနအရ ခပ်တင်းတင်း‌ပြန်ပြော
လိုက်မှစိတ်သက်သာရသည်မဟုတ်ပါလား။

" အရင်နေ့တွေကတည်းက အရသာမရှိတာလေ "

ထမင်းစားပွဲဘေး၌ ရပ်နေ့သည့်ကောင်လေး၏
နာကျည်းချက်မျက်လုံးများကို ဆိုင်ကြည့်ကာ
ပြောလိုက်တော့ ကောင်ငယ်လေးမှာ ခံစားချက်
မဲ့ငြိမ်သက်သွားပြန်သည်။

" မင်းရဲ့ပုဇွန်အုံးဏှောက်လေး နားလည်အောင်
ပြောပေးရမလား မင်းကဘာဆိုဘာမှသဘောကျ
စရာမရှိဘူး မင်းချက်သမျှဟင်း မင်းလုပ်သမျှ
မင်းနဲ့ရှိသမျှအချိန်တွေ အဲ့ဒါတွေအကုန်လုံး
မင်းသိထားဖို့က ဟိုးအစကနေ အဆုံးထိအားလုံးက
အတုအယောင်တွေဆိုတာပဲ စောက်ရူးရဲ့ "

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now