•• 04↬

2K 327 28
                                    

unicode~

ခန်းစည်းတို့ကို ဆွဲဖယ်လိုက်သဖြင့်
နေ့အလင်းအရောင်သည် အခန်းငယ်
အတွင်းသို့ ထိုးဖောက်၀င်ရောက်လာသည်။

လွန်ခဲ့သော ၇ နှစ်မှအမှတ်တရများသည်
ယနေ့ထိအတိုင် အရိပ်မည်းတစ်ခုအဖြစ်
လိုက်လာဆဲ။ ထိုကောင်လေးကို မုန်းသည်။
မုန်းနေပါရက် ကိုယ့်အပေါ်ကောင်းမွန်ပြနေသည့်
ကောင်လေးကြောင့် မွန်းကျပ်မိပြန်သည်။

စားပွဲပေါ်တွင် တင်ထားလျက်ရှိသော
ဖုန်းအားယူကာ နံပါတ်တစ်ခုကိုခေါ်ဆိုလိုက်သည်။
" ဟယ်လို ငါပါ "

•♡•

အိပ်စက်အနားယူရန်ပြင်‌နေစဉ် ဖုန်း၀င်
လာသည်မို့ အထက်လူကြီးများလာဟု
တွေးထင်ကာ နံပါတ်အမည်အားကြည့်လိုက်မိသည်။

" ဒီလူက ဒီအချိန်ဘာကိစ္စ"

" ငါစာအုပ်ထုတ်ဖို့ကိစ္စလေးအရေးတကြီး
ဆွေးနွေးစရာရှိလို့ မင်းတို့ အနောက်လမ်းက
cafe ကိုခဏလာခဲ့ပေးပါလား "

" ဪ အင်း အခုထွက်ခဲ့မယ်"

လူကပင်ပန်းနေပြီဖြစ်သော်လည်း
ထမင်းတစ်လုတ်အတွက် အလုပ်လုပ်ရဦး
မည်မဟုတ်လား။ အ၀တ်အစားအမြန်ပြန်လဲကာ
cafe သို့ခပ်သွက်သွက်လျှောက်လာခဲ့မိသည်။
ညအမှောင်သည် တရိပ်ရိပ်တိုးလျက် အရှေ့ကိုပင်
သဲကွဲစွာမမြင်ရပဲ စမ်းတန်းတန်းနှင့် လမ်းလျှောက်
နေရသည်မှာ မျက်ကန်းလိုပင်။
တိုက်ခန်းများသာ ဆောက်ထားသော
လမ်းဖြစ်၍ မည်သူမျှ အရေးတယူလမ်းမီး
မထွန်းထားပေ။ ညအမှောင်၏ မှောင်မိုက်မှုနှင့်
လျော်ညီစွာ ဆောင်းလေအေးအေးမှာလည်း
တစဲစဲ ဝေ့တက်လျက်။

အမှောင်ရိပ်နှင့် မသဲကွဲစွာ လူရိပ်တစ်ချို့ကို
ကိုလည်းထင်ယောင်ထင်မှား မြင်နေရ၍
Jimin ကျောချမ်းလာလေပြီ။

ခြေသံ ! ဟုတ်တယ် ငါ့ခြေသံမဟုတ်ဘူး။

" ဘယ်သူလဲ "
အရဲစွန့်ပြီးမေးလိုက်သောမေးခွန်းမှာ
ကြောက်စိတ်အပြည့်နှင့် တုန်ယင်လျက်။

•♡•

‌ကော်ဖီဆိုင်လေး၏ ထောင့်ဆုံးခုံတွင်
ငြိမ်သက်စွာ ထိုင်ကာ Black Coffee ၏
ခါးသီးမှုအား ရင်ထဲမှခါးသီးမှုကိုဖြေသိမ့်ရန်
အရသာခံ သောက်နေမိသည်။ဖုန်းscreen
ထက်မှ အကြောင်းကြားစာကိုဖတ်ရှုရင်း
လူယုတ်မာပြုံးတစ်ချက် ပြုံးလိုက်သည်။

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now