•• 08↬

1.7K 267 16
                                    

unicode-

စီးကရက်လိပ်ကိုဖွာရှိုက်ရင်း ‌အခိုးအငွေ့များကို အသာအယာမှုတ်ထုတ်လိုက်သည်။
လေထဲသို့ ပျံ့ပျယ်သွားသော အငွေ့အစများကို
ငေးနေသည်။

"လူသားတွေက စီးကရက်အငွေ့တွေလိုပဲ
ကြာကြာချုပ်တည်းထားရင်ကိုယ်တိုင်ပဲ
မွန်းကြပ်ရတယ်။ ခဏတာအတွင်းထုတ်လွှတ်
လိုက်ပြန်တော့လည်း လှည့်တောင်မကြည့်
ထွက်ခွါသွားကြပြန်တယ်။
လူတွေဟာ ဒီအငွေ့အမှုန်တွေလိုပဲ"

အဓိပ္ပာယ်လေးနက်မှုမရှိသော စကားများကိုရင်တွင်း
၌စီကုံးပြောဆိုနေသောလည်း နှုတ်မှာဆိတ်လျက်
အခန်းကျယ်မှာ တိတ်ဆိတ်နေသည်။ ရင်ထဲမှာတော့
အမုန်းတရားများ ပွက်ပွက်ဆူလျက်ပင်။

" ၀င်ခဲ့လို့ရမလား "

တံခါးဖက်မှအသံကြား၍ အတွေးများရုတ်သိမ်းကာ
အသိစိတ်၀င်လာသည်။ မေးစရာမလိုအောင် မည်သူ
မည်ဝါမှန်းသိနေ၍ ထပ်ခွန်းမဖြေ ဆိတ်ဆိတ်သာနေလိုက်သည်။

" Min Yoongi ssi "

မျက်ခုံးတန်းလေးမှာ လေးပင်လျက် ညွတ်၍ပင်နေသည်။ပါးမို့လေးမှာလည်း ချောင်ပါးကျနေသည်။ မျက်လုံးအိမ်တွင်း၌ ရွှင်ပျမှုမရှိ စိတ်ပူပန်စိုးထိတ်လျက်ပင် တစ်ဖက်လူအားမော့ကြည့်လာသည်။

တစ်စစ တိုငြိလာတော့ ဆေးလိပ်ကို ဘေးရှိ
၀စ္စကီခွက်ထဲပစ်ထည့်ကာ မီးငြိမ်းသတ်လိုက်သည်။ ထို့နောက်ပြတင်းမှန်ဆီကို အကြည့်လွှဲလိုက်ကာ..

" ငါနဲ့ခရီးသွားပေး မလား "

လည်အစေ့တပ်ထားသော အင်္ကျီကျယ်သီးအားတစ်စ
ဆွဲဖြုတ်လိုက်ကာ ရှေ့၌ရပ်နေသော ကောင်လေး
အားပြောလိုက်သည်။

" ကျွန်တော့်ကို စိတ်ဆိုးနေတယ်မှတ်တာ "

ဘေးအံလေးများပေါ်ရုံ ရယ်လိုက်ပြန်သည်
" အဟက်။ ငါကဘာကိုစိတ်ဆိုးရမှာလဲ ကဲပါထ
ခရီးလိုက်မယ်မှတ်လား အ၀တ်အစားကတော့ထည့်‌မနေနဲ့အဆင်ပြေသလို၀ယ်၀တ်ကြတာပေါ့ "

ကောင်လေးမှာအားတက်သွားဟန် ဖြင့်
မော့ကြည့်လာသည်။မျက်၀န်းအိမ်ကျဉ်း‌လေးထဲ၌ ‌၀မ်းသာ‌ရွှင်မြူးမှုများ သမ်းလျက် ခေါင်းစပ်စပ်
ငြိမ့်ကာပြုံးပြလာသည်။

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now