••26↬

1.1K 166 30
                                    

unicode -

ဆေးရုံကော်ရစ်ဒါတလျှောက် ပြေးလွှားလှုပ်ရှား
နေသည့် ခြေတစ်စုံမှာ ဒေါသမီးများအပြည့်။
အကာအရံမဲ့နေခြင်းကြောင့် သွေးအလိမ်းလိမ်း
ပေရေနေ‌သည့် ခြေဖဝါးရံ။ အနီးနားမှသူများပင်
အထိတ်တလန့်ရှောင်ဖယ်သွားရသည့်
မကောင်းဆိုးဝါး။  မကောင်းဆိုးဝါးအဖြစ်မွေးဖွား
လာခြင်း မဟုတ်သော်ငြားမကောင်းဆိုးဝါးအသွင်
ဖန်တီးခံခဲ့ရသော။

'ဝုန်း' ကနဲပွင့်စင်သွားသည့် ဆေးရုံဆွဲတံခါး။
အခန်းတွင်းမှ လူနာ။ ဒေါသတောက်လောင်မှု
များဖြင့် ရောက်လာသည့်သားဖြစ်သူကို
မြင်လျှင်မြင်ချင်း ပြာယာခတ်သွားဟန်ရှိသော
မျက်ဝန်းစုံတချို့။

" အဖေ သိ နေ ခဲ့ တယ် မှတ် လား "

‌လေသံညှင်းဖြင့်သာ ပြောလာသည့်မေးခွန်းကို
ဖြေနိုင်ရန် လူနာမှာအင်အားမရှိ။ ဟုတ်သည်ဆို
သောဝန်ခံချက်အစား ရှက်ရွံ့မှုအပြည့်ဖြင့်သက်ပြင်း
ကိုသာ ချလိုက်ဟန်။

" ငယ်လေးကို အဖေ သတ် ခဲ့ တာ လေ
သူမဟုတ်ပဲ ခင်ဗျားကြောင့်သေသွားရတာလို့! "

လှိုက်တက်လာသည့် ဒေါသဖြင့်ထွက်ပေါ်
လာသော အမှန်တရားတို့ကို တစ်စုံတစ်ယောက်မှာ
လက်မခံချင်ဟန်။ ပါးစပ်ရောခန္ဓာပါမလှုပ်ရှား
နိုင်တော့သည့် လူမမာဖြစ်သူမှာ မျက်ဝန်းများနှင့်
သာ စို့နင့်ထိတ်လန့်နေပုံပြနိုင်သည်။

" အခုမှ တောင်းပန်‌မနေပါနဲ့တော့ ကျွန်တော့်
ဘဝတစ်ခုလုံးလည်း စုတ်ပြတ်သတ်သွားပြီပဲ "

ဖြူဖျော့ရောင်နှုတ်ခမ်းပါးတို့က သွေးပျက်ခြင်း
ခြံရံကာ ခပ်မဲ့မဲ့ပြုံးသည်။ ပါးပြင်ထက်စီးကျ
သွားသည့် မျက်ရည်စက်များက ဆေးရုံကြမ်းပြင်
ဆီသို့။ အမြင့်ဆုံးကနေ ပြုတ်ကျသွားခဲ့သော
တစ်စုံတစ်ယောက်၏ ဘဝနှင့်နည်းတူ။

" ကျွန်တော် ခင်ဗျားကိုတစ်သက်လုံး ခွင့်မလွှတ်ဘူး
ခင်ဗျားကို အဆုံးထိ သေအောင်မုန်းသွားမှာ!!! ခင်ဗျား
ကြောင့် ကျွန်တော့်မိသားစုပျက်စီးရတာ!! " ' ခွမ်းး '

အော်ဟစ်သောင်းကျန်းကာ ခြေရင်းဘောင်ပေါ်မှ
ပန်းအိုးများကို ကွဲကျလွင့်စင် စေသည်။ မည်သို့
စိတ်တိုင်းကျ ဖျက်စီးပါစေ အမုန်းတရားတို့က
လက်တစ်ဆစ်မှ လျော့မသွားခဲ့။ ကုတင်ပေါ်မှ လူနာ
မှာလည်း ရောဂါဖောက်လာသည့်သဏ္ဌန်။ မျက်ဝန်း
တို့က တောင်မြောက်လှုပ်ရှားကာ မျက်နှာတစ်ခုလုံး
သွေးပြတ်ဖြူဖျော့စပြုလာလေပြီ။ Yoongi ဘာကိုမျှ
ဂရုမစိုက်နိုင်။ အရာအားလုံးကိုမုန်းသည်။

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now