•• 21↬

1.1K 186 15
                                    

unicode -

" သူ ဆုံးသွားတာတစ်နှစ်လောက်ရှိပြီ "

Yoongi စကားကြောင့် ဆေးရုံကုတင်ပေါ်မှ
ဖခင်ဖြစ်သူ၏ အကြည့်တို့မှာပြာယာခပ်သွားဟန်။

" ဟုတ်တယ် ကျွန်တော်သတ်လိုက်တာ "

အသက်ရှူပိုက်များပြည့်နှက်နေသဖြင့် စကားမဟ
နိုင်သော်လည်း မျက်လုံးများကလှုပ်ရှားနေဆဲ။ ခံစား
ချက်တို့ကရှိနေဆဲပင်။

" ကျွန်တော် Las Vegas ကိုအလုပ်ကိစ္စနဲ့သွားစရာ
ရှိသေးလို့ ပြန်ရတော့မယ် ဂရုစိုက်ဦး "

ယတိပြတ်လေသံဖြင့်ထွက်ခွာသွားသည့်သားဖြစ်
သူကိုတားမြစ်လိုစိတ်များဖြင့်ငေးနေမိသည်။
ပြတင်းမှန်မှ တဆင့်ပြင်ပသို့ငေးကာ သက်ပြေး
အရှည်ကြီးချလိုက်တော့၏။

စကားမပြောနိုင်တော့သည့် ဤခန္ဓာအတွင်း၌
မပြောနိုင်လိုက်သောစကားတို့ဟာပြည့်နှက်နေ
သည်။ သေမင်းနှင့်တွေ့ဆုံရတော့မည့်သူတစ်ဦး
အတွက်အရာအားလုံးကို အုတ်ဂူဆီအထိသာ
ဆွဲခေါ်သွားရတော့မည်....။

•♡•

" welcome from Las Vegas "

လေယဉ်ပေါ်မှဆင်းဆင်းချင်း ဦးကြိုသည့်
လေယဉ်မယ်မှာ သိမ့်မွေ့ခြင်းအပြည့်ဖြင့်။
အုံ့မှိုင်းမှိုင်းရာသီဥတုထက် ပျင်းရိစွာပင်
ရွေ့လာမိသောခြေလှမ်းများမှာ တစ်စုံတစ်ခု
ကိုရှာဖွေနေဟန်။ သိပ်မကြာခင်ရှာတွေ့သွားခဲ့ပြီ
ဖြစ်သော ဆီးကြိုသူလူတစ်စု။

" John ကဟော်တယ်မသွားခင် သူ့အိမ်ကို
ခဏဝင်ခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ် နောက်ခန်း
မှာသက်သောင့်သက်သာလိုက်‌ပေးပါ "

ဝတ်စုံအပြည့်ဖြင့် သူတစ်ဦးမှာသူ့အနားသို့
ပြေးလာကာ ကြိုဆိုသဖြင့်ခေါင်းသာငြိမ့်ပြ၍
သူတို့ဆိုသည့်အတိုင်းလိုက်ပါသွားလိုက်သည်။

လမ်းတလျှောက် အရောင်သွေးပြည့်စုံလွန်းသည့်
မြို့ပြအရသာကို ငေးကာခံစားနေမိသည်။ မျိုးစုံ
သောပျော်မြူးဖွယ်ရာ နေရာများဖြင့် Las Vegas မှာ
တစ်နှစ်ကျော်ကြာ အထီးကျန်မှုများကိုပယ်ဖျောက်
ကြိုဆိုနေသယောင်ပင်။

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now