•• 13↬

1.5K 225 24
                                    

unicode -

" မင် "
ထိုအမည်နာမ်စား၊ ဘ၀တွင်ပထမဦးဆုံး
နှင့်နောက်ဆုံးဖြစ်တည်သော အမည်နာမ်စား
လေးအားကြားလိုက်ရသည်နှင့် ကျွန်တော့်
ရင်ထဲအေးစက်သွားသည်။

" ကို "
အလန့်တကြားမျက်လုံးဖွင့်လိုက်မှ ကို့လက်မောင်း
တွင်ဓားစိုက်လျက် ကိုယ့်ကိုငေးကြည့်နေသည်ကို
မြင်ရ‌သည်။ သွေးစများစိမ့်ထွက်လာသော ကို့
လက်မောင်းကို သွေးရူးသွေးတမ်းကြည့်မိသည်။
‌အခန်းထောင့်မှ ဆေးသေတ္တာဆီအပြေးသွားကာ
လိုအပ်သည်များယူ၍ ‌နှစ်ပေါင်းများစွာကကြားဖူး
နား၀ရှိခဲ့သော ရှေးဦးသူနာပြုနည်းလမ်းများကို
ရှာဖွေစဉ်းစားရသည်။ ကော့စင်းလှသောမျက်တောင်
ပါးလေးမှာ မျက်ရည်များကြောင့် စိုစွတ်လွန်းနေ
လေပြီ။ ထပ်မံမျက်ရည်မကျမိစေရန်တင်းထား‌
သော်လည်းကြမ်းပြင်ပေါ်မှ မျက်ရည်ပေါက်များ
ကိုရှောင်လွဲ၍ မရ။

" မင် "
ချွေးစေးများဖြင့်စေးကပ်နေသော
Jimin လက်ဖမိုးသေးလေးအား ဆုပ်ကိုင်
လိုက်ကာ

" မငိုပါနဲ့တော့ ကို အဆင်ပြေပါတယ် "

" ဘာလို့အဲ့လိုကြီး၀င်လာတာလဲ လက်မောင်း
မဟုတ်ပဲတခြားနေရာတစ်ခုခုများထိသွားကြည့်
ပါလား မင် သေရမှာထက် ကိုထိခိုက်မှာကို
ပိုကြောက်တယ် ကိုရဲ့ "

လက်သီးဆုပ်သေးသေးလေးဖြင့် ရင်ဘတ်ကို
ငိုငိုယိုယိုဖြင့်ထု‌လေတော့သည်။ ပါးမို့လေးနှစ်ဖက်
မှာလည်း ရဲနီနေပြီး နှုတ်ခမ်းဖူး‌လေးမှာတော့
အနည်းငယ်သွေးရောင်ပြန်သန်းလာလေပြီ။

•ထိုနေ့က ယုံကြည်ခဲ့သည်။ အရာအားလုံးကို
ပုံအပ်ခဲ့ပါသည်။ နှစ်အတော်ကြာမှ ပြန်ခံစား
ရတဲ့နွေးထွေးမှုမျိုး၊ နှစ်အတော်ကြာမှ
ပြန်မြင်တွေ့ရတဲ့ကိုယ့်ဘက်မှာ
ရပ်တည်ပေးသည့်‌တစ်ဦးတည်းသောလူသားကို
သံသယကင်းမဲ့စွာ တစ်ထစ်ချရှူးသွပ်ယုံကြည်ခဲ့မိသည် •

•♡•

" ကဲ ရောက်ပါပြီခင်ဗျ "

ဘေးကပ်လျက်တွင်စောင်းအိပ်နေသော
အကောင်ပေါက်လေးအား အကြောင်းကြား
နှိုးဆော်ရသည်။ မနေ့ညဖြစ်စဉ်ပြီးပြီးချင်း
နောက်နေ့မနက်၌ပင် Yoongi အိမ်တွင်
အမြဲနေထိုင်ရန်သဘောတူပြီးဖြစ်၍
အထုပ်အပိုးများသိမ်းဆီးကာ ပြန်လည်
ပြောင်းရွှေ့လာခဲ့ကြသည်။

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now