••29↬

1.1K 138 18
                                    

unicode -

" သေချာတယ်နော် ကို "

" သေချာပါတယ်ဆို မင်ကလည်း "

တအံ့တဩဖြင့် မေးခွန်းထုတ်မဆုံးနိုင်သည့်
ကောင်လေးကို Yoongi ဆူပုတ်ပုတ်ဖြင့်
ကြည့်လိုက်သည်။ ထို့နောက်မှ မြိုင်ဆိုင်
စည်ကားနေသော စကားကွင်းကြီးကိုငေးကာ
ပြေပြေလေးပြုံးပြန်သည်။

" ကိုယ်တို့ကြီးပြင်းလာတဲ့ တလျှောက်လုံးရော
နှစ်ယောက်တွဲခဲ့ကြတဲ့ တလျှောက်လုံးရောက
မွန်းကြပ်စရာတွေနဲ့ပဲ ပြည့်နှက်နေခဲ့တာ...."

Jimin ဆီကျရောက်လာသည့် Yoongi ၏
အကြည့်မျက်ဝန်းများက လေးနက်လွန်းနေဟန်။

" မင်တို့ တူတူကစားရအောင် "

မျက်ဝန်းငယ်များ စေ့ပိတ်သည်အထိ ပြုံးလိုက်တော့
လေစိမ့်စိမ့်ဟပ်နေသည့် ပါးမို့လေးမှာ နီရဲနေပြန်သည်။
အကောင်ပေါက်လေးနားကို အတင်းတိုးကပ်ကာ
ထိုပါးမို့နီနီလေးကြား ရွှတ်ခနဲနမ်းလိုက်မိတော့သည်။
ကစားပွဲရုံအတွင်း လည်ပတ်နေကြသည့် ဆယ်‌ကျော်သက်
အရွယ်စုံတွဲလေးများက သူ့တို့ကိုအထူးတဆန်း
အကဲခတ်လာကြသည်။ တစ်မိုးအောက် Min Yoongi
မှာတော့ထိန်းမနိုင်သိမ်းမရ ဘာကိုမှဂရုမစိုက်နိုင်။
မက်မွန်သီးရဲလေးကို ချစ်ချင်တာပဲသိသည်။

" မရှက်ဘူးလားဗျာ သွား "

အနမ်းဖွဖွလက်ခံနေစဉ်တုန်းကကျ တုပ်တုပ်မှ
မလှုပ်သည့် အကောင်ပေါက်လေးက ယခုမှ
အရှက်ပြေရမ်းပြန်တော့သည်။ ဒီကောင်လေးနှယ့်
တတ်လည်းတတ်နိုင်လွန်း၏။

" သွားမယ် မင် "

လက်ဖမိုးနုနုလေးနှစ်ခုမှာ ယှက်နွယ်၍ ကစားရုံ
အတွင်းသို့ တွဲလျက်ဝင်သွားကြလေပြီ။ပူပန်မှုမရှိ၊
သောကတို့ကင်းစင်ကာ၊ ချစ်ခြင်းမေတ္တာသည်ကသာ
နှောင်ဖွဲ့လျက်။

" ဒါလည်းစီးမယ် "

" ဟိုဟာ ဟိုဟာ "

" မင်ကြောက်တယ် ဟိုဟာစီးမယ် "

နည်းမျိုးစုံလှပါသော ချား၊ရဟတ် အပျော်စီး
စက်ယဉ်များစွာထံ ရင်ခုန်ရှုမောခြင်းအပြည့်ဖြင့်။
ကြီးမှသူငယ်ပြန်တာမဟုတ်။ သူငယ်အရွယ်ကို
ကျော်ပြီးရင့်ကျက်ခဲ့ရလို့ ပြန်ငယ်ရွယ်ချင်ရုံ...။

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now