•• 23↬

1K 167 25
                                    

unicode -

" L'amour est un oiseau rebelle "

ရေချိုးခန်းအတွင်းမှ ထွက်လာလာချင်း
နားထဲဝင်လာသည့် သီချင်းသံ။ ဩရှရှ
အုပ်စိုးခြင်းတို့ဖြင့် အနောက်တိုင်းရှေးခေတ်
အော်ပရာသံစဉ်ဟုခန့်မှန်းရသည်။
အင်အားကြီးသည့် အမျိုးသမီးဟစ်သံ
တို့ဖြင့် မြိုင်ဆိုင်နေသည့်ထိုသံစဉ်မှာ
အနီးနေရာမှဖွင့်သကဲ့ သို့နီးကပ်နေလွန်းသည်။

အဝတ်အမြန်လဲပြီးသည်အထိ တီးလုံးအတက်အကျ
ပေါင်းစုံဖြင့်မြိုင်ဆိုင်နေသည်မှာ သဘောကျဖွယ်ရာ။
သဘောမကျရသည်က ထိုအသံမှာအိမ်တွင်းမှဖွင့်
နေသကဲ့သို့ နီးကပ်ကျယ်လောင်နေခြင်းပင်။

" မင်း ဒီမှာဘာလုပ်နေတာလဲ "

ခန့်မှန်းမိသည့်အတိုင်းအမှန်ပင်။ ဓာတ်ပြားစက်
အနား၌ ကျောပေးကာအလုပ်ရှုပ်နေသူ။ ရင်းနှီးနေ
လွန်းသည့် နောက်ကျောရံ။

" ရှူး! သီချင်းနားထောင်နေတယ်လေ "

သူ့ဘက်သို့လှည့်ကာ အသံတိတ်ပုံစံပြ၍
နဂိုအတိုင်းအာရုံပြန်ရောက်သွားပြန်သည်။
ဓာတ်ပြားစက်ဘေးမှ အရက်ယမကာအချို့ကို
‌ဖြည်းညှင်းစွာပင် ငှဲ့ထည့်နေကာ သံစဉ်
တီးလုံးအတက်အကျများအတိုင်းယိမ်းနွဲ့
နေလိုက်သေးသည်။

" တစ်နှစ်ကြာသွားလဲ မပြောင်းလဲဘူးပဲ
ဒီလိုစုတ်တီးစုတ်ပြတ်အရည်တွေရော မွဲခြောက်
နေတဲ့ဒီအိမ်ခန်းရော "

အရက်ခွက်ကိုကိုင်မြှောက်ပြရင်း မျက်ခုံး
တစ်ဖက်ပင့်ကာပြောနေသည့် သူ့အမူဟန်။
ယခင်သိခဲ့ဖူးသော Park Jimin မဟုတ်။

" မင်း ဘာလိုချင်တာလဲ ငါ့ကိုပြော "

ဆိုဖာပေါ်ခြေချိတ်ကာ နေရာယူနေသည့်
ကောင်လေး၏ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်
ကာအကြည့်တို့ကိုဆုံထားလိုက်သည်။

" လိုချင်တာပြောရင် ဖြည့်စည်းပေးမယ်ပေါ့ "

ဖန်ခွက်ကိုစားပွဲပေါ် ခေတ္တပစ်တင်ကာ
မျက်လွှာပင့်မေးတော့ Yoongi ခုံနောက်သို့
မှီထိုင်လိုက်သည်။ ငြိမ်းချမ်း၍ရနိုင်လျှင်
ငြိမ်းချမ်းလိုက်ချင်သည့် အလံဖြူသဏ္ဌန်ဖြင့်။

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now