unicode -
" မင် မင် ထဦး မင် "
ဆောင်းဝင်စ အအေးဒဏ်ကြားမှာ အိပ်ယာ
ထက်ကွေးနေသည့် အကောင်ပေါက်လေးကို
Yoongi လှုပ်နှိုးလိုက်သည်။" ငါးမိနစ်လောက်ပဲ ထပ်အိပ်မယ်လေနော် "
" အရေးကြီးတယ် မင်ရဲ့ ထပါဦး လိမ္မာတယ် ထ "
စောင်ထဲအတင်းပြန်တိုးဝင်နေသူလေးကို
အတင်းဆွဲထူကာ ထခိုင်းရသည်။" လာ ကိုယ့်နောက်လိုက်ခဲ့ "
အတင်းဆွဲခေါ်ရာ ပါလာသည့်အကောင်ပေါက်
လေးမှာ အိပ်ချင်မူးတူးဖြင့် မျက်လုံးများက
မှေးစင်းနေဆဲ။" မျက်လုံးဖွင့်ကြည့် "
" ဝါး နှင်းတွေ "
ဝရံတာမြင်ကွင်း တဝိုက်ဖွဲကျနေသည့် အဖြူမှုန်
စလေးများက ဟိုတစ်စ ဒီတစ်စဖြင့် ဆောင်းဦးကို
ကြိုဆိုနေကြလေပြီ။ အကောင်ပေါက်လေး၏
အလုံးစုံသော အာရုံတို့မှာ နှင်းတွေဆီသို့သာ
ကျရောက်ကုန်ပြီဖြစ်၍ မနာလိုဝန်တိုရသေးသည်။" လှတယ်နော် မင် "
အနောက်ဖက်မှ အလစ်ဝင်ကာသိုင်းဖက်လိုက်
တော့ ခန္ဓာကိုယ်သေးသေးလေးက ရင်ခွင်ထဲ
နစ်ကနဲဝင်လာသည်။ လည်ပင်းသားနှင့် ကပ်ကာ
ခေါင်းမှီရင်း ကိုယ်သင့်နံ့ငယ်လေးကို တဝကြီး
ခံစားနေလိုက်သည်။ ပို၍တင်းကျပ်ကာ ဖက်ထား
လိုက်သည့်တိုင် အကောင်ပေါက်လေးမှာ ရုန်းဖို့
အာရုံမရ။ နှင်းမှုန်တွေဆီသာ မျက်ဝန်းဝိုင်းတွေဖြင့်
ငေးမောနေသည်။" ကိုယ်ဗိုက်ဆာပြီ "
ပုခုံးထက် ခေါင်းကိုပိုလေးအောင် တင်ကာချွဲနွဲ့
ပြောလိုက်သည်။ ခိုက်တုန်နေသည့် ဆောင်းလေ
ကြားချစ်ရသူလေး ပြင်ပေးမည့် မနက်စာကသာ
ကွက်တိကျနေလိမ့်မည် မဟုတ်ပါလား။" မင် နှင်းတွေကြည့်ချင်သေးတယ် "
" နှင်းတွေက ထွက်မပြေးဘူးလေ မင်ရဲ့
ကိုယ်က တကယ်ဗိုက်ဆာနေပြီ "" နောက်မှစားလို့ မရဘူးလား "
အခြေအနေကို Yoongi ကောင်းကောင်း
သဘောပေါက် လိုက်၍ "အဟမ်း"ဟု ချောင်းဟန့်
လိုက်သည့်။ ခေါင်းမာနေသည့် အဆိုးကောင်လေး
အား ချော့မရ၍ ခြောက်ရတော့မည်။
YOU ARE READING
ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓
Fanfiction" မင်းကို မမုန်းနိုင်လောက်တဲ့အထိ ချစ်တယ် မင် " " မင်းကို မမုန်းနိုင်လောက်တဲ့အထိ ချစ်တယ် မင် " unicode & zawgyi available ✨ • 𝟐𝟕𝐭𝐡 𝐌𝐚𝐲, 𝟐𝟎𝟐𝟎