unicode -
" မတွေ့ရတာကြာပြီနော် Min Yoongi ssi "
အနက်ရောင်ပိုးသားအိင်္ကျီဖြင့် ရင်ဘက်တဝိုက်
ပေါ်ဟိုက်ထားသည့်ကောင်လေး။ ပုံစံတကျ
ဖီးလိမ်းထားသည့် ဆံပင်ပုံစံမှာများစွာပြောင်းလဲ
နေဟန်ရှိသည်။ သွယ်လျသည့် လက်ချောင်းငယ်
တို့မှာ ရေခဲအပြည့်ဖြင့်စိမ့်အေးစပြုနေသည့်
ဝစ္စကီခွက်ကိုဆွဲကိုင်ကာ။ မှောင်ရိပ်ကျနေသည့်
ပတ်ဝန်းကျင်ဖြစ်သည့်တိုင် သူတစ်ကိုယ်က
တောက်ပနေ၏။ နှုတ်ခမ်းဖူးလေးများမှ ကွေးညွန့်
သောသဏ္ဌန်ဆီသို့ကူးပြောင်း၍ အလှဆုံးအပြုံး
တစ်ခုဖြစ်ပေါ်စေသည်။" မင်...မင်း!! မင်း Par...k ... Jimin .. မင်း "
ထိတ်လန့်တကြားဖြင့် အက်ကွဲသံပါသော
အမည်နာမခေါ်ဆိုမှုကြောင့် ကောင်လေးငယ်၏
မျက်ဝန်းများကပို၍တောက်ပလာသယောင်။" သေချာပေါက် ငါပေါ့ မင်းရဲတစ်ဦးတည်းသော
Park Jimin လေ "ခပ်မဲ့မဲ့ပြုံးကာခြေတစ်လှမ်းတိုးမိတော့ Yoongi
အနည်းငယ်တုံ့သွားသည့်ဟန်။ လက်ထဲမှဝစ္စကီ
မှာတော့သောက်သုံးခြင်းမခံရသည့်တိုင် ဘယ်ညာ
လှုပ်လှည့်လိုက်ခြင်းကြောင့် ရေခဲတို့ပွတ်တိုက်
သံအချို့မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့်။" မကြောက်ပါနဲ့ ငါကဘာလုပ်ရသေးလို့လဲ "
ရိသဲ့သဲ့ပြုံးကာ ခြေတစ်လှမ်းတိုးလေ အရှုံးသမား
မှာနောက်သို့တစ်လှန်းတွန့်ဆုံ့သွားလေလေပင်။
အတိအကျဝတ်ဆင်ထားသည့် အနောက်တိုင်းကုဒ်
ထက် Jimin လက်သည်းများက ရွေ့လျားလာသည်။
မကွာဟသည့်အရပ်အနေအထားနှင့် သူကိုစိုက်ငေး
ကာတစ်ချက်ပြုံးလိုက်ပြန်၏။" ငါမသေလို့ တအားအံ့ဩသွားတာလား
suprise motherf*cker !! "
လက်ဟန်ခြေဟန်ဖြင့် ပြုံးကာ ခနဲ့လိုက်တော့
Yoongi ပို၍ထိတ်သွားရသည်။ ပြာပြာသလဲ
ဖြစ်နေသည့် ပုံရိပ်ကိုငေးကာ ဝစ္စကီအနည်းငယ်
ကိုအရသာခံလိုက်သည်။ သာမာန်ထက်သိပ်
အရသာရှိလွန်းနေပြန်ပြီ။" အစ်ကိုလေး John လိုက်ရှာနေပါတယ် "
မပြီးပြတ်သေးသည့်အနေအထားကို ဖြိုခွဲလိုက်
သူမှာ သူတို့ရှိရာလျှောက်လမ်းသို့ဝင်ရောက်လာသည်။
YOU ARE READING
ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓
Fanfiction" မင်းကို မမုန်းနိုင်လောက်တဲ့အထိ ချစ်တယ် မင် " " မင်းကို မမုန်းနိုင်လောက်တဲ့အထိ ချစ်တယ် မင် " unicode & zawgyi available ✨ • 𝟐𝟕𝐭𝐡 𝐌𝐚𝐲, 𝟐𝟎𝟐𝟎